ပခုက္ကူမြို့နယ်မှာ ၊ ၄ လောင်းပြိုင် လူသတ်မှုဖြစ်ပွား

ဇွန် ၆ ၊ ၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာမှာ ဇွန် ၅ ရက် မနက် အစောပိုင်းက ၄ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ဇွန် ၄ ရက်ည ဖြစ်တယ် ၊ မနေ့က မနက်ပိုင်းမှာ အလောင်းတွေကောက်ရတယ် ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ အမျိုးတွေ သတ်ခံရတာ” လို့ ဒေသခံ ပရဟတိသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ည ၁၁ နာရီဝန်ကျင်လောက်မှာ အသတ်ခံရတာဖြစ်တယ် ၊ ကျေးရွာအုပ်ချုပ်ရေးမှူးကို သတ်ဖို့ ရှာတဲ့အခါ မတွေ့ရဘူး ၊ အဲ့ဒါနဲ့ အုပ်ချုပ်ရေးမှူးရဲ့ မိန်းမဖြစ်သူ ဒေါ်ဝင်းရီ (၅၂ နှစ်)၊ အစ်မ​ဖြစ်သူဒေါ်ဝင်းသီ (၅၈ နှစ်)၊ ဒေါ်ဝင်းရီရဲ့ အဖေဖြစ်သူ ဦးဇီးကွက် (၇၇ နှစ်)တို့ ၃ ယောက် သတ်ခံရတယ် ၊ သတ်သွားတဲ့ လူတွေက အနည်းဆုံး လူ ၁၀ ယောက်ရှိတယ် ၊ အဲ့ဒီ အပြင် ရွာထဲက သားသတ်လုပ်ငန်း လုပ်ကိုင်တဲ့ သူ ကိုအောင်ဆန်းဝင်း ဆိုသူကိုလည်း သတ်ဖြတ်သွားတယ် ၊ အားလုံး အသတ်ခံရတဲ့ လူ ၄ ဦးရှိတယ် ၊ သေဆုံးသူတွေက သေနတ်နဲ့ ပစ်ခံရတာ ” လို့ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေး အဖွဲ့က အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ဆိပ်ဖြူ ၊ ပေါက် ၊ မြိုင် ၊ ရေစကြို စတဲ့ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၅၀ ကျော်ရှိသွားပြီလို့ လူမှုကူညီရေး အဖွဲ့တွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #ဖလံအို

Related posts

Leave a Comment

VOM News

FREE
VIEW