ပေကျင်း၊ ဇူလိုင်-၇-၂၀၂၃
မျိုးဆက်(VOM)
တရုတ်စစ်တပ်အနေနဲ့ တကယ်စစ်ပွဲတွေမှာ အောင်ပွဲရနိုင်ခြေတွေကို တိုးမြှင့်ဖို့အတွက် စစ်ပွဲနဲ့ တိုက်ခိုက်ရေးအစီအစဉ်တွေကို သေချာစွာပိုမိုလုပ်ဆောင်ကြဖို့ တရုတ်သမ္မတရှီကျင်းပင်က တရုတ်စစ်တပ်ကို တိုက်တွန်းလိုက်ပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းစစ်ဌာနချုပ်မှာ ဇူလိုင် ၆ ရက်က စစ်ဆေးမှုများပြုလုပ်စဉ်အတွင်း တရုတ်သမ္မတရှီကျင်းပင်က အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ အရှေ့ပိုင်းစစ်ဌာနချုပ်ဟာ အရှေ့တရုတ်ပင်လယ်နဲ့ ထိုင်၀မ်ရေလက်ကြားတို့မှာ တည်ရှိဖြန့်ကြက်ထားပါတယ်။ အရှေ့ပိုင်းစစ်ဌာနချုပ်ဟာ တရုတ်နိုင်ငံ၏ ပိုက်နက်၊ အချုပ်အခြာအာဏာနဲ့ အကျိုးစီးပွားကို ကာကွယ်ရေးတွေမှာ သိသာထင်ရှားတဲ့ ပံ့ပိုးကူညီမှုများ လုပ်ဆောင်ခဲ့ကြောင်း တရုတ်သမ္မတက ပြောပါတယ်။
ကမ္ဘာကြီးဟာ မတည်ငြိမ်မှုတွေနဲ့ အပြောင်းအလဲကာလသစ်တခုကို ရောက်ရှိနေပြီး ပူးတွဲစစ်ဆင်ရေးတွေအတွက် ကွပ်ကဲမှုစနစ်ကို အားကောင်းစေဖို့ အမှန်တကယ်တိုက်ပွဲများအတွက် လေ့ကျင့်သားပြည့်ဝရေး ပြင်ဆင်ထားဖို့ ရှီကျင်းပင်က တိုက်တွန်းပြောဆိုပါတယ်။
တရုတ်စစ်တပ်ရဲ့ အရှေ့ပိုင်းစစ်ဌာနချုပ်ဟာ ထိုင်၀မ်အပေါ် စစ်ရေးဖိအားတွေ တိုးမြှင့်ပေးနေကြောင်း စောင့်ကြည့်လေ့လာသူတွေကပြောပါတယ်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ထိုင်၀မ်ကို လာရောက်မှုကို တုံ့ပြန်တဲ့ အနေနဲ့တရုတ်စစ်တပ်ဟာ ထိုင်၀မ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှု အကြီးအကျယ် ပြုလုပ်ခဲ့ပါတယ်။
Ref: NHK
#voiceofmyanmar #VOM #ပေကျင်း