ဆိုးလ်၊ ဇူလိုင်-၆-၂၀၂၃
မျိုးဆက်(VOM)
ဂျပန်နိုင်ငံ ဖူကူရှီးမားနျူကလီးယားစက်ရုံပျက်ရဲ့ ရေဒီယိုသတ္တိကြွရေဆိုးတွေကို သန့်စင်ပြီး ပင်လယ်ထဲစွန့်ထုတ်မယ့် အစီအစဉ်ကို တောင်ကိုရီးယားပြည်သူတွေက ဆန္ဒပြကန့်ကွက်နေကြပါတယ်။
ရေဆိုးတွေစွန့်ထုတ်မယ့် ဂျပန်နိုင်ငံရဲ့ အစီအစဉ်ဟာ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီကြောင်း နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက အတည်ပြုခဲ့တဲ့ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုလက်ခံကြောင်း တောင်ကိုရီးယားအစိုးရက ဇူလိုင် ၅ ရက်မှာ ပြောပါတယ်။
ဒီလိုစွန့်ထုတ်မယ့်အစီအစဉ်ကို နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက နှစ်နှစ်ကြာ သုံးသပ်မှုတွေ ပြုလုပ်ခဲ့ပြီးပြီးနောက် အစီအစဉ်ကို ခွင့်ပြုခဲ့တာဖြစ်ပြီး ဓါတ်ရောင်ခြည်သင့်မှု အလွန်နည်းပြီး သဘာ၀ပတ်၀န်းကျင်ကို သက်ရောက်မှုမရှိဘူးလို့ ပြောပါတယ်။
ဒါပေမယ့် ဂျပန်နိုင်ငံရဲ့အစီအစဉ်ကို တောင်ကိုရီးယားပြည်သူတွေက ကန့်ကွက်နေကြပြီး အတိုက်အခံနိုင်ငံရေးသမား လီဂျောင်မီဟာ ဆိုးလ်မြို့ရှိ ဂျပန်သံရုံးပြင်ပမှ ဒီအစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ အစာအငတ်ခံဆန္ဒပြနေတာ ၁၀ ရက်ကျော်ရှိလာပြီဖြစ်ပါတယ်။
နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီရဲ့ ပြန်လည်သုံးသပ်မှုအစီရင်ခံစာဟာ စွန့်ထုတ်မယ့်ရေဆိုးတွေနဲ့ပတ်သက်ပြီး ဘေးကင်းကြောင်း သိပ္ပံနည်းကျ အထောက်အထားတွေ မတင်ပြနိုင်တာကြောင်း မယုံကြည်နိုင်ကြောင်း သူက ဝေဖန်ပြောဆိုထားပါတယ်။
Ref: CNA
Photo:AFP
#voiceofmyanmar #VOM #ဆိုးလ်