မြဝတီ ကော့ကရိတ် အာရှလမ်း မြေပြိုမှုကြောင့် ထိုင်းနယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေ

ဩဂုတ် ၈ – ၂၀၂၃
GG (VOM)

မြဝတီ ကော့ကရိတ် အာရှလမ်းပိုင်းမှာ ဒီနေ့ ဩဂုတ်လ ၈ ရက်နေ့မှာလည်း မြေပြိုကျမှုတွေ ထပ်မံဖြစ်ပွားနေလို့ ခုဆိုရင် ၃ နေရာလောက်အထိ ပျက်စီး၊မြေပြိုတာတွေရှိနေတယ်လို့ သိရပါတယ် ။

” အာရှလမ်းက လက်ရှိက ကား ဆိုင်ကယ်လုံးဝဖြတ်လို့မရတော့ဘူး။ မနေ့က ဖြစ်တဲ့ နေရာ ၂ နေရာရဲ့ အကျော်လေးမှာ မြေထပ်ပြိုတာပါ၊ကျနော်တို့ရောက်တော့ မြေသားက အိပြီးပြိုကျတုန်းပဲ ။ ခုဆို အာရှလမ်းမှာ မနေ့က လမ်းပြတ်ကျတာ ၁ နေရာ၊ပြိုကျတာ ၁ နေရာ၊ဒီနေ့က မြိုပြိုကျတာ ၊ မနေ့ကပြိုကျတဲ့နေရာမှာဘေလီတံတားထိုးတယ်ဆိုတာမဖြစ်နိုင်ဘူး၊မကြားမိဘူး။ဘာလို့ဆိုခုတက်နေတဲ့ပုံတွေက လမ်းပြိုတဲ့နေရာက အလယ်ဖြစ်နေတယ်။သူ့ဆီ ရောက်ဖို့က မြေပြိုထားတဲ့နေရာဖြတ်ရမယ်၊သွားဖို့ကမလွယ်ဘူး၊ခုမနက်တောင် တိုက်ပွဲတွေဖြစ်လို့ ” လို့ ဒေသခံ တစ်ဦးကပြောပါတယ် ။

အလားတူ ထို့ကော်ကိုးလမ်းမှာလည်း တောင်ကျရေကြောင့် ​ လမ်းပျက်စီး မှုတွေဖြစ်ပြီး ရေကျော်နေတာကြောင့် ကားတွေဖြတ်သန်းမရတော့သလို နောက်ထပ် လမ်းဟောင်းဘက်ကလည်း နယ်မြေလုံခြုံရေးကြောင့် သွားလာဖို့ မလွယ်တာကြောင့် ထိုင်း မြန်မာနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်တန့်​ေနတယ်လို့ သိရပါတယ် ။

” ထို့ကော်ကိုးလမ်း လည်းသွားလို့မရတော့ပါဘူး။ခုချိန်မြဝတီကအဖက်ဖက်ကနေ ပိတ်သွားပါပြီဲ၊မြဝတီကို တက်လာမယ့်သူတွေလည်း ခုချိန်လမ်းပိုင်းကစိတ်မချရပါဘူးမလယကြပါနဲ့ ၊၁ပတ်၂ပတ်လောက်တော့ကြာပါအုံးမယ် ” လို့ မြဝတီဒေသခံ တစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ မြဝတီ – ကော့ကရိတ် အာရှလမ်း၊ ထို့ကော်ကိုးလမ်း ပြိုကျမှုဖြစ်ပွားခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့ကစပြီး ထိုင်းနယ်စပ် ကုန်သွယ်ရေး ရပ်တန့်လုနီးဖြစ်သွားတယ်လို့ သိရပါတယ် ။

“လမ်းက ၃ ခုရှိတာကို ထို့ကော်ကိုးလမ်းပြိုတယ်၊အာရှလမ်းပြိုတယ်။နောက် ဟိုးအရင်က လမ်းဟောင်းရှိတယ်။အဲ့ဒီလမ်းဟောင်းကိုသုံးလို့ရမရလေ့လာနေပါတယ်၊ သုံးလို့ရရင်အဲ့လမ်းကနေ ကုန်သွယ်ရေးဆက်လုပ်လို့ရမယ်၊မဟုတ်ရင်တော့ကုန်သွယ်ရေးက ခဏရပ်သွားမယ်။ကျနော့အထင် ၁၅ ရက် ၂၀ လောက်ကြာနိုင်မယ်ထင်တယ် ” လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

လက်ရှိမှာ မနေ့ထဲက လမ်းပိုင်းတွေဖြတ်သန်းသွားမရတော့လို့ ကုန်သွယ်မှု မပြုလုပ်နိုင်ဘဲ ပိတ်မိခဲ့တဲ့ကုန်ကားတွေ ကော့ကရိတ်ဘက်မှာ အများအပြားရှိတယ်လို့ သိရပါတယ်။

ထိုင်းမြန်မာ နယ်စပ်ကုန်သွယ်ရေးကနေ ထိုင်းဘက်ကို ခုကာလမှာ ပြောင်းအပါအဝင် လယ်ယာထွက်ကုန်ပစ္စည်း ၊ ရေထွက်ပစ္စည်း တွေကို အဓိကတင်ပို့နေပြီး မြန်မာ ဘက်ကိုတော့ သွင်းကုန်အနေနဲ့ မွေးမြူရေးအစာ ၊ မွေးမြူရေးဆေးဝါး၊ စက်ပစ္စည်း၊ စက်ဘီး စာရေးကိရိယာ၊ ကားအပို ပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာ၊ ငစားသောက်ကုန်၊ ဖိနပ်နှင့် ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ အထည်ချုပ်၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ LPG (ဓာတ်ငွေ့ရည်)၊ စက်နှင့် စက်ပစ္စည်း ကိရိယာ၊ လူသုံးကုန်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ ယန္တရားအပိုပစ္စည်း၊ အားကစားပစ္စည်း၊ စက်ဆီ/ချောဆီ၊ ဆေးပစ္စည်းနှင့် အိမ်သုတ်ဆေး တင်သွင်းနေတာဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #မြဝတီကော့ကရိတ် #အာရှလမ်း #မြေပြိုကျမှု #ထိုင်းနယ်စပ်ကုန်သွယ်ရေးရပ်တန့်

Related posts

Leave a Comment

VOM News

FREE
VIEW