အိန္ဒိယနယ်မြေတွေ ပါဝင်နေတာကြောင့် တရုတ်နိုင်ငံရဲ့ မြေပုံသစ်ကို အိန္ဒိယအစိုးရကန့်ကွက်

ဒေလီ၊ သြဂုတ်-၃၀-၂၀၂၃
မျိုးဆက်(VOM)

တရုတ်နိုင်ငံရဲ့ မြေပုံသစ်မှာ အိန္ဒိယပိုင်ဆိုင်တဲ့နယ်မြေပါဝင်နေတာကြောင့် ဒီကိစ္စအပေါ် အိန္ဒိယအစိုးရက ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း သြဂုတ် ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ မြေပုံသစ်မှာ အာရန်နာချယ်ပရာဒေ့ရှ်ပြည်နယ်၊ အငြင်းပွားနေတဲ့ အက်ခ်ကိုင်းချင်း ကုန်းပြင်မြင့်တို့ကို တရုတ်နိုင်ငံပိုင်နက်အဖြစ် ထည့်သွင်းထားကြောင်း အိန္ဒိယသတင်းဌာနတွေက ဖော်ပြထားပါတယ်။

အဲဒီမြေပုံသစ်ကို တရုတ်နိုင်ငံ သယံဇာတဝန်ကြီးဌာနက သြဂုတ် ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ အခြေအမြစ်မရှိဘဲ မြေပုံထဲမှာနယ်မြေတွေကို ထည့်သွင်းထားတာကို လက်မခံကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာရင်ဒမ်ဘက်ချီက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ လုပ်ရပ်ဟာ နယ်နိမိတ်အငြင်းပွားမှုကို ပိုမိုရှုပ်ထွေးစေကြောင်း သူကပြောပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကန့်ကွက်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က တရားဝင်တုံ့ပြန်ခြင်းမရှိသေးပါဘူး။

တရုတ်နိုင်ငံဟာ သူပိုင်ဆိုင်ခြင်းမရှိတဲ့ အခြားနိုင်ငံတွေရဲ့ နယ်မြေတွေကို မြေပုံပေါ်မှာ ယခင်ကလည်းထည့်သွင်းခဲ့ဖူးပြီး ဒါဟာအကျင့်ဟောင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိတ်ရှန်ကာက ဝေဖန်ပြောဆိုထားပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ChinaMap #IndiaStrongProtest’ #overTerritoryClaims

Related posts

Leave a Comment

VOM News

FREE
VIEW