မြန်မာ့နိုင်ငံရေး အကျပ်အတည်း အာဆီယံသုံးနိုင်ငံ ပူးပေါင်းကိုင်တွယ်ရန် အာဆီယံခေါင်ဆောင်တွေ သဘောတူ

ဂျကာတာ၊ စက်တင်ဘာ-၇-၂၀၂၃
မျိုးဆက်(VOM)

မြန်မာနိုင်ငံရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာမှာ လက်ရှိမြန်မာအာဏာပိုင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံအဖွဲ့ဝင်သုံးနိုင်ငံက တာဝန်ယူသွားဖို့ အာဆီယံခေါင်းဆောင်တွေက သဘောတူလိုက်ကြပါတယ်။

အဲဒီလိုမြန်မာ့အရေးဖြေရှင်းရာမှာ အာဆီယံအဖွဲ့ရဲ့ တုံ့ပြန်မှုတွေကို လက်ရှိအာဆီယံအလှည့်ကျဥက္ကဌ၊ ယခင်အလှည့်ကျဥက္ကဌနဲ့ လာမည့်အလှည့်ကျဥက္ကဌနိုင်ငံ သုံးနိုင်ငံက ဦးဆောင်တာဝန်ယူသွားမှာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူနိုကပြောပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းဟာ တနှစ်အတွင်း ပြေလည်မှာမဟုတ်ဆိုတာကို လူတိုင်းနားလည်သဘောပေါက်ကြောင်း ၊ လက်ရှိသဘောတူခဲ့တဲ့ အလွတ်သဘော ထရွိုက်ကာ “troika”လမ်းစဉ်နဲ့ အကျပ်အတည်းကို အချိန်ယူဖြေရှင်းသွားမှာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ဒီလမ်းစဉ်အရ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှား၊ ၂၀၂၃ ခုနှစ်အတွက် အလှည့်ကျဥက္ကဌ လာအိုနဲ့ ၂၀၂၅ ခုနှစ်အလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံတို့က ဦးဆောင်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ရေးနဲ့ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးအပါအဝင် အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အာဆီယံခေါင်းဆောင်တွေနဲ့ မြန်မာအာဏာပိုင်တွေအကြား ၂၀၂၁ ခုနှစ် ဧပြီလမှာ ရရှိခဲ့ပေမယ့် အောင်မြင်ခြင်းမရှိခဲ့ပါဘူး။

လက်ရှိ ထရွိုက်ကာလမ်းစဉ်ကတော့ ဒေသတွင်းအစုအဖွဲ့ဖြစ်တဲ့ အာဆီယံရဲ့သဘောထားကို ကိုယ်စားပြုနေပါတယ်။ လက်ရှိမှာတော့ အာဆီယံခေါင်းဆောင်တွေဟာ အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာမှာ မြန်မာ့အရေးအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတရာရေးရာတို့ကို ဆွေးနွေးလျှက်ရှိပြီး မြန်မာနိုင်ငံကတော့ တက်ရောက်ခွင့်မရရှိခဲ့ပါဘူး။

Ref:Nikkei Asia
Photo:AP
#voiceofmyanmar #VOM #ASEANtoEngage#MyanmarInTroika’Model #PoliticalUnrest

Related posts

Leave a Comment

VOM News

FREE
VIEW