ငါန်းဇွန်မှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် မိသားစု အသတ်ခံရလို့ ၃ ဦးသေ ၊ ၁ ဦး ဒဏ်ရာရ

စက်တင်ဘာ ၊ ၉ ၊ ၂၀၂၃
SP (VOM)

မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်မြို့နယ် ၊ နတ်ကြီးကျေးရွာမှာ မနေ့ စက်တင်ဘာ ၈ ရက် ညနေပိုင်းက လက်ဖက်ရည်ဆိုင် ပိုင်ရှင် မိသားစု အသတ်ခံရလို့ ၃ ဦးသေဆုံးပြီး ၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ပွင့်ကမ္ဘာ လက်ဖက်ရည်ဆိုင် ပိုင်ရှင် မိသားစု အသတ်ခံရတာဖြစ်တယ် ၊ ဆိုင်ရှင် လင်မယား ၂ ယောက်နဲ့ သမီးတယောက်သေတယ် ၊ ညနေ ၄ နာရီခွဲ ဝန်းကျင်လောက်မှာ ဖြစ်သွားတာပါ “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ တံတားဦးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” နတ်ကြီးရွာက ပွင့်ကမ္ဘာ လက်ဖက်ရည်ဆိုင်မှာ ဖြစ်တယ် ၊ ဆိုင်ရှင်မိသားစုတွေဖြစ်တဲ့ ဦးမြင့်ခိုင် ၄၅ နှစ် ၊ သူ့မိန်းမ ဒေါ်မြင့်မြင့်ဌေး ၄၄ နှစ် ၊ သူ့သမီး မအိအိငြိမ်း ၁၇ နှစ် တို့ ၃ ဦးဟာ ထိုးသွင်း ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးတယ် ၊ အသက် ၁၄ နှစ်အရွယ် မမြတ်ဆုကတော့ အသက်မသေဘူး ၊ လည်ပင်းနဲ့ ဝမ်းဗိုက်နေရာတွေမှာ ထိုးသွင်း ဒဏ်ရာ ၄ ချက်ရတယ် ၊ စိုးရိမ်ရလူနာဖြစ်တယ် ၊ ဖြစ်ပွားပုံက သူတို့ လက်ဖက်ရည်ဆိုင်ထဲကို အမည်မသိ (စီစစ်ဆဲ)လူစိမ်း ၅ ယောက် ခြေလျင်ရောက်လာပြီး သတ်သွားတာဖြစ်တယ် ၊ အမှုဖွင့် စစ်ဆေးနေတယ် ” လို့ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက် မနက်အစောပိုင်းကလည်း မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်မြို့နယ် ၊ နဘဲပင်ကျေးရွာမှာ သေနတ် ပစ်ခတ်သံတွေကြားရပြီးနောက် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦး ကျည်ဆံထိမှန် သေဆုံးသွားပြီး အခြား လူ ၂ ယောက်လည်း ကျည်ဆံထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ငါန်းဇွန်

Related posts

Leave a Comment

VOM News

FREE
VIEW