ပေကျင်း၊ စက်တင်ဘာ-၉-၂၀၂၃
မျိုးဆက်(VOM)
တရုတ်အစိုးရဝန်ထမ်းတွေကို iPhoen အသုံးပြုခွင့်ပိတ်ပင်ထားကြောင်း သတင်းတွေထွက်ပေါ်ပြီးနောက် အမေရိကန်အခြေစိုက် Apple ကုမ္ပဏီရဲ့အစုရှယ်ယာတန်ဖိုးဟာ ဒုတိယမြောက်နေ့အဖြစ် ကျဆင်းနေပါတယ်။
ကုမ္ပဏီရဲ့ အစုရှယ်ယာတန်ဖိုးသည် လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ၆ ရာခိုင်နှုန်း သို့မဟုတ် ဒေါ်လာ ၂၀၀ ဘီလီယံနီးပါးထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ နည်းပညာကုမ္ပဏီကြီး Apple ရဲ့ တတိယအကြီးဆုံးဈေးကွက်ဖြစ်ပြီး ယမန်နှစ်က ကုမ္ပဏီ စုစုပေါင်းဝင်ငွေရဲ့ ၁၈ ရာခိုင်နှုန်းထိ ရှိခဲ့ပါတယ်။
တရုတ်အစိုးရဟာ အစိုးရဝန်ထမ်းတွေ ရုံးသို့ အိုင်ဖုန်းတွေယူဆောင်လာခြင်း သို့မဟုတ် အလုပ်အတွက် အသုံးမပြုဖို့ အမိန့်ထုတ်ထားကြောင်း အမေရိကန်အခြေစိုက် ဝေါလ်စရိဂျာနယ်က စက်တင်ဘာ ၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံပိုင်ကုမ္ပဏီတွေ အစိုးရကျောထောက်နောက်ခံပေးထားတဲ့ အေဂျင်စီတွေရှိ အလုပ်သမားတွေကိုလည်း အိုင်ဖုန်းအသုံးပြုခွင့် ပိတ်ပင်ဖွယ်ရှိကြောင်း ဘလွန်းဘာ့ဂ်သတင်းဌာနကလည်း ဖော်ပြထားခဲ့ပါတယ်။
အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး တရုတ်အစိုးရဘက်က ထုတ်ပြန်ပြောဆိုမှုမျိုးမရှိသေးပါဘူး။ အမေရိကန်အခြေစိုက် အက်ပဲကုမ္ပဏီဟာ သူ့ရဲ့ iPhone စမတ်ဖုန်းသစ်တွေကို စက်တင်ဘာ ၁၂ ရက်မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။
Ref: BBC
#voiceofmyanmar #VOM #AppleSharesSide #ChinaGovernment #iPhoneBanReports