မဟာမြိုင်ကားလမ်းမှာ ရေကျော်ပြီး မြေပြိုနေလို့ ကားတွေရာနဲ့ချီ ပိတ်မိနေ

စက်တင်ဘာ ၊ ၈ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်တိုင်း ၊ ရေဦးခရိုင်၊ တန့်ဆည်မြို့နယ်နဲ့ ကလေးခရိုင် ၊ ကလေးဝမြို့နယ်ကို ဆက်သွယ်ထားတဲ့ မဟာမြိုင်ကားလမ်းဟာ ဒီကနေ့မနက်ပိုင်းကစလို့ ချောင်းရေကျော်နေပြီး တချို့နေရာတွေ မြေပြိုတာကြောင့် ကားတွေသွားလာလို့မရဘဲ ရာနဲ့ချီ ပိတ်မိနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” မဟာမြိုင်ထဲမှာ မိုးများတာကြောင့် တောဂျင်နဲ့ တောင်ကျောင်းကြား ၃၇မိုင် နေရာမှာ ၁၂ဘီး ကားတစ်စီး မိုးများ လမ်းချော်ပြီး လဲသွားတယ် ၊ အဲ့ဒီနေရာလည်း လမ်းပိတ်နေတယ် ၊ ကွင်းလမ်းမရှိဘူး ၊ ၅၆မိုင်တောင်ပေါ်မှာလည်း မြေပြိုပြီး မြေသားရွှံ့ဗွက်တွေကြောင့် ကားတွေ မတက်နိုင်ဘဲ ပိတ်မိနေတယ် ၊ နောက်ပြီး ပျဥ်းကိုင်းရွာနဲ့ ကလေးဝကြားက ချောင်းတွေအားလုံး ရေကျော်နေတယ် ၊ ကားသွားလို့မရဘူး ၊ မဟာမြိုင်ထဲမှာ ကားဗွက်နစ်ရင်း ထွန်စက် ၃ စီးနဲ့ ဆွဲထုတ်ရတယ် ၊ ၁၂ ဘီးကား ၁ စီးကို ဆွဲထုတ်ခ ၁ သိန်း ၂ သောင်းပေးရတယ် “လို့ မဟာမြိုင်ထဲရောက်နေတဲ့ ကားသမား(၁)ယောက်က ပြောပါတယ်။

အဲ့ဒီကားလမ်းဟာ မြန်မာ – အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းကြီးဖြစ်သလို ချင်းတွင်းမြစ် အထက်ပိုင်းမှာရှိတဲ့ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ ခန္တီး စတဲ့ မြို့တွေဆီ ကုန်သွယ်ရေး လမ်းဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအပြင် ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်ကစပြီး မဟာမြိုင်တောထဲမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတာကြောင့် ရက် ၂၀ နီးပါး လမ်းပိတ်ထားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ မန္တလေး ၊ မုံရွာဘက်က ကားတွေသွားလာမယ်ဆိုရင် အခြေအနေကို မေးမြန်းဆက်သွယ်ပြီးမှ သွားလာကြဖို့ကိုလည် မဟာမြိုင်ထဲမှာ ရောက်နေတဲ့ ကားသမားတွေက တိုက်တွန်း အကြံပြုထားတယ်လို့ သိရပါတယ်။

Photo Crd – မဟာမြိုင်ရောက် ကားသမား(၁)ဦး
#voiceofmyanmar #VOM #မဟာမြိုင်ကားလမ်း #မြေပြိုကားပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW