စက်တင်ဘာ ၊ ၉ ၊ ၂၀၂၃
SP (VOM)
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ်ထဲမှာရှိတဲ့ ဂန့်ဂေါ ချင်းတောင်ကားလမ်းမှာ မနေ့ စက်တင်ဘာ ၈ ရက် ညပိုင်းက မိုးရွာသွန်းမှုများပြီး လမ်းပိုင်းနေရာတချို့ မြေပြိုပျက်စီးတာတွေရှိတဲ့အတွက် ဒီမနက်ပိုင်းကစပြီး ကားတွေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။
” ပုလဲမြို့နယ် အထက် လယ်ဓမ္မရွာနဲ့ ကျက်ရင်းရွာအကြား ၅၁ မိုင် မြေငလျင်ပြိုနေရာမှာ အဓိက မြေပြိုပြီး လမ်းတွေပျက်စီးနေတယ် ၊ ပုံတောင်အတက် ခင်အေးရွာနဲ့ နတ်ထိပ်အတက်မှာလည်း မြေပြိုတာတွေရှိတယ် ၊အဲ့ဒီနေရာတွေမှာ ကားတွေပိတ်မိနေတာဖြစ်တယ်”လို့ ပုလဲ-ဂန့်ဂေါ ကားသမား(၁)ယောက်က ပြောပါတယ်။
အဲ့ဒီနေရာကို ရောက်နေတဲ့ ကားသမား (၁) ယောက်က “ပုံတောင် ပုံညာလမ်းပိုင်းကို တက်လာမယ့်သူတွေဆိုရင် လမ်းကြောင်း အခြေအနေကို အရင်မေးပြီးမှ ကောင်းတယ်ဆိုမှ လာစေချင်တယ် ၊ အဲ့ဒီလိုမဟုတ်ရင် လမ်းပိတ်တာမိပြီး စားရေးသောက်တာက အစ မလွယ်ဘူး “လို့ ပြောပါတယ်။
မုံရွာ-ဂန့်ဂေါ ချင်းတောင်ကားလမ်းပိုင်းဟာ ပုံတောင် ပုံညာ ကားလမ်းဖြစ်ပြီး ၊ တောင်ပေါ်လမ်းအမျိုးအစားဖြစ်တယ်လို့ သိရပြီး မန္တလေး မုံရွာ ဂန့်ဂေါ ဟာခါး တို့ကို တိုက်ရိုက်ပြေးဆွဲနေတဲ့ ကားတွေသွားလာကြတာလို့လည်း သိရပါတယ်။
Photo – တောင်ပေါ်လမ်းရောက် ကားသမား(၁)ယောက်
#voiceofmyanmar #VOM #ပုလဲ