တိုကျို၊ စက်တင်ဘာဘ-၁၁-၂၀၂၃
မျိုးဆက်(VOM)
ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဟာ ဂျပန်အစိုးရအဖွဲ့နဲ့ အာဏာရပါတီရဲ့ အမှုဆောင်တွေကို လာမယ့်ရက်ပိုင်းအတွင်း အပြောင်းအလဲပြုလုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
အခုလိုအစိုးရအဖွဲ့နဲ့အာဏာရပါတီ အပြောင်းအလဲပြုလုပ်မယ့် ကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံမှာ ပြုလုပ်တဲ့ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲနဲ့ဆက်စပ်ဆွေးနွေပွဲတွေတက်ရောက်စဉ် သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ကီရှီဒါဟာ အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီဥက္ကဌ အာဆိုတာရိုနဲ့ အထွေထွေအတွင်းရေးမှူး မိုတီဂီတိုရှီမစ်ဆူတို့ကို ရာထူးတာဝန်မှာ ဆက်လက်တာဝန်ပေးဖွယ်ရှိနေတယ်လို့ သတင်တွေထွက်ပေါ်နေပါတယ်။
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ရွေးကောက်ပွဲမဟာဗျူဟာကော်မတီ ဥက္ကဌ မိုရီယာမာဟီရိုရှီကို ဂျပန်အစိုးရအဖွဲ့မှာ အဓိကရာထူးတခုအတွက် တာဝန်ပေးခန့်အပ်ဖို့ ဝန်ကြီးချုပ်က စဉ်းစားနေကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။
သူဟာ အာဏာရပါတီနဲ့ အခြားသော အတိုက်အခံပါတီများအကြား ကျယ်ပြန့်တဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေကြောင့် လူသိများထင်ရှားသူတဦးလည်းဖြစ်ပါတယ်။
အဲဒီလိုအပြောင်းအလဲနဲ့ ရာထူးတာဝန်ခန့်ထားမှုတွေမှာ အမျိုးသမီးတွေကို ဂျပန်အစိုးရဝန်ကြီးရာထူးတွေမှာ ထပ်မံခန့်ထားမှုရှိမရှိ နိုင်ငံရေးအကဲခတ်တွေက စောင့်ကြည့်နေကြပါတယ်။
Ref: NHK
#voiceofmyanmar #VOM #JapanPMKishida #decideCabinet #LDP Executive #lineup