ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ (၃၅) ယောက်ထက်မနည်း သေဆုံး

ခါတွမ်၊ စက်တင်ဘာ-၁၂-၂၀၂၃
မျိုးဆက်(VOM)

ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်ရှိ လူစည်းကားရာဈေးတခုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃၅ ယောက်ထက်မနည်းသေဆုံးသွားကြောင်း ဆေးဘက်ဆိုင်ရာ အဖွဲ့တွေကပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် လူ ၆၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ ကူညီရေးအဖွဲ့ဖြစ်တဲ့ အမ်အက်စ်အက်ဖ်ကအဖွဲ့ကဆိုပါတယ်။ မြို့တော်ခါတွမ်တောင်ပိုင်းရှိ ကိုရိုဈေးကို မောင်းသူမဲ့လေယာဉ်တစင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောသည်။

ဆူဒန်နိုင်ငံမှာ စစ်တပ်နဲ့ အာအက်စ်အက်ဖ်ပြည်သူ့စစ်တို့အကြား ပဋိပက္ခတွေကြောင့် လွန်ခဲ့တဲ့ ဧပြီလကစပြီး တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိပါတယ်။ လွန်ခဲ့သည့်သီတင်းပတ်က ဖြစ်ပွားခဲ့သော လေကြောင်း တိုက်ခိုက်မှုအတွင်း ကလေးငယ်နှစ်ဦးအပါအဝင် လူ ၂၀ ကျော်သေဆုံးခဲ့ပါတယ်။

နိုင်ငံတွင်းမှာ ပဋိပက္ခတွေကြောင့် လူငါးသန်း နေရပ်စွန့်ခွာထွက်ပြေးနေရပြီး လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရကာ ခါတွမ်နဲ့ ဒါဖာအနောက်ပိုင်း ဒေသတို့ဟာ ပဋိပက္ခဒဏ်ကို အဆိုးရွားဆုံးခံနေရပါတယ်။

အမေရိကန်၊ ဆော်ဒီအာရေဗျအပါအဝင် အခြားနိုင်ငံတွေက ပဋိပက္ခအဆုံးသတ်ရေးအတွက် စေ့စပ်ညှိနှိုင်းဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း အောင်မြင်ခြင်းမရှိသေးပါဘူး။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ခါတွမ်

Related posts

Leave a Comment

VOM News

FREE
VIEW