မူဆယ် ကျင်စန်းကျော့ဂိတ်ရဲ့ တပတ်အတွင်း ပို့ကုန်၊ သွင်းကုန် ကား အခြေအနေ

စက်တင်ဘာ ၁၂ -၂၀၂၃
Shy V(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ကျင်စန်းကျော့ တရုတ်နယ်စပ်ဂိတ်မှ စက်တင်ဘာ ၅ ရက်နေ့ ကနေ စက်တင်ဘာ ၁၁ ရက်နေ့အထိ တပတ်အတွင်း ပို့ကုန်၊ သွင်းကုန်၊ ကား အဝင်အထွက် စုစုပေါင်း(၁၁၆၉)စီး ရှိပြီး တရက်ကို ပျမ်းမျှ (၁၉၅)စီး ဝင်ထွက်ခဲ့တယ်လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေရဲ့စာရင်းတွေအရ သိရပါတယ်။

‌အရင်တပတ်ထက် အခုတပတ် အဲ့ဒီ နယ်စပ်ဂိတ်ကနေ အဝင်အထွက်ကား (၄၅၉)စီး လျော့ကျခဲ့ပြီး တရက်ပျမ်းမျှ (၃၈)စီး လျော့ကျသွားတာ တွေ့ရပါတယ်။ အခုတပတ် အဲဒီ နယ်စပ်ဂိတ်ကနေ အဝင်အထွက်ကား (၄၅၉)စီး လျော့ကျခဲ့ပြီး တရက်ပျမ်းမျှ (၃၈)စီး လျော့ကျသွားတာ တွေ့ရပါတယ်။

ဒီတပတ်မှာတော့ မြန်မာဘက်ကနေ အထွက်၊ တရုတ်ဘက် အဝင် ပို့ကုန်ကား စုစုပေါင်း အစီး ငါးရာကျော်ရှိပြီး တရက် ပျမ်းမျှ (၉၈)စီးခန့် ဝင်ရောက်တဲ့အထဲမှာ တရက်ပျမ်းမျှ ကုန် (၇၃)စီး ခန့်၊ ခါလီ (၂၅)စီးခန့် ရှိပါတယ်။

ဒီတပတ်မှာတော့ အရင်တပတ်ထက် တရုတ်ဘက် ပို့ကုန်ကား တရက်ကို ပျမ်းမျှ(၁၄)စီး ပိုများလာပြီး တရက် ပျမ်းမျှ ကုန် (၅)စီးနဲ့ ခါလီ (၉)စီး ပိုများလာကာ ငါးရှဉ့်နဲ့ ဂဏန်း ပို့ကုန်ကားကတော့ အရင် တပတ်အောက် တရက် ပျမ်းမျှ ၃ စီး လျော့လာတာ‌ကို တွေ့ရပါတယ်။

ပို့ကုန်တွေထဲမှာ ငါးရှဉ့်၊ ဂဏန်း၊ သကာရည်၊ ဖရဲ နဲ့ အခြား ကုန်မျိုးစုံ ပါတာကို တွေ့ရပါတယ်။

ဒီတပတ်အတွင်း တရုတ်ဘက်ကနေ မြန်မာဘက်အဝင် သွင်းကုန်ကား စုစုပေါင်း ကား အစီးရေ (၅၈၀)ကျော်ရှိပြီး တရက်ကို ပျမ်မျှ(၉၇)စီးခန့် တင်သွင်းကာ အဲဒီအထဲမှာ တရက်ကို ပျမ်းမျှ ကုန် (၈၄)စီး၊ ခါလီ (၁၄)စီးခန့် ၊ အသစ် (၆)စီးခန့် ပါဝင်တာကို တွေ့ရပါတယ်။

အရင် တပတ်ထက် အခုအပတ်မှာ သွင်းကုန်ကား တရက် (၅၁)စီး ခန့် လျော့ကျလာပြီး ကုန် (၂၅) စီးခန့်၊ ခါလီ (၂)စီးခန့် နဲ့ အသစ် (၁၇)စီးခန့် လျော့ကျသွားတာကို တွေ့ရပါတယ်။

သွင်းကုန်တွေထဲမှာ ဓာတ်ဆီ၊ ဒီဇယ်၊ စက်ယန္ဒယား အပြင် အခြားကုန်မျိုးစုံ ပါတာကို တွေ့ရပါတယ်။

အသစ် တင်သွင်းတဲ့ ကားတွေထဲမှာ JMC Truck, နောက်တွဲ၊ ဆီဘောက်ဆာ တွေအပြင် ဘက်ဟိုးတွေလညိး ပါဝင်တာကို တွေ့ရပါတယ်။

စက်တင်ဘာလ ၁၁ ရက် ညနေ ၅ နာရီကျော်ခန့်က တရုတ်ယွမ် နဲ့ မြန်မာကျပ် လဲလှယ်နှုန်းကတော့ ယွမ်ပေး ကျပ်ယူ ယွမ် ၁၀၀ ကို ၄၆,၂၀၀ ကျပ် ပေါက်ဈေးရှိပြီး စက်တင်ဘာလ ၁၀ ရက်နေ့မှာတော့ ယွမ် ၁၀၀ ကို ၄၂,၀၀၀ ကျပ်ထိ ဈေးကျခဲ့တာပါ။

တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနေနဲ့ ဩဂုတ်လ ၂၈ ရက်ကနေ စက်တင်ဘာလ ၃ ရက်နေ့အထိ အရင်တပတ်အတွင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၉ သန်းကျော်ရှိခဲ့ပြီး တပတ်အတွင်း အများဆုံး တင်ပို့ကုန်မှာ ကြက်သွန်နီ ဖြစ်ကာ အများဆုံး သွင်းကုန်မှာ ယာဉ်နဲ့ ယာဉ်ယန္တရားတွေဖြစ်တယ်လို့ ကုန်သွယ်ရေးစခန်းရဲ့သတင်း အချက်အလက်အရ သိရပါတယ်။

တရုတ် – မြန်မာ နယ်စပ်၊ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းအနေနဲ့ ဩဂုတ်လ ၂၆ ရက်နေ့မှ စက်တင်ဘာ ၅ ရက်နေ့အထိ ၁၀ ရက်အတွင်း ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၃၉ ငန်းကျော် ရှိခဲ့ပြီး အမျာစဆုံးပို့ကုန်မှာ ရာဘာ ဖြစ်ပြီး အများဆုံးသွင်းကုန်မှာ ချည်ထည်တွေ ဖြစ်တယ်လို့ အဲဒီကုန်သွယ်ရေး စခန်းရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

ထိုင်း – မြန်မာ နယ်စပ်၊ မြဝတီ ကုန်သွယ်ရေး စခန်းအနေနဲ့ စက်တင်ဘာလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၅ ရက်နေ့အထိ ၅ ရက်အတွင်း ကုန်သွယ်မှု အမေရိကန် ဒေါ်လာ သန်း ၂၀ ကျော်ရှိတယ်လို့ ကုန်သွယ်ရေးစခန်းက သတင်းအချက်အလက်တွေအရ သိရပါတယ်။

အဲဒီ ကုန်သွယ်ရေးစခန်းကနေ ဩဂုတ်လ ၂၆ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ တပတ်အတွင်း ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၁၉ သန်းကျော် ရှိခဲ့ပြီး အများဆုံး ပို့ကုန်မှာ ပြောင်း ဖြစ်ပြီး အများဆုံး သွင်းကုန်မှာ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

Photo: ThH
#voiceofmyanmar #VOM #မူဆယ် #ကျင်စန်းကျော့ဂိတ် #ကုန်သွယ်ကားအခြေအနေ

Related posts

Leave a Comment

VOM News

FREE
VIEW