ရာဘတ်၊ စက်တင်ဘာ-၁၂-၂၀၂၃
မျိုးဆက်(VOM)
မော်ရိုကိုနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၈၆၂ ဦးထိ မြင့်တက်လာကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။
လက်ရှိမှာတော့ ပြည်ပနိုင်ငံတွေက အကူအညီတွေနဲ့အတူ ငလျင်ဒဏ်အဆိုးဆုံးခံခဲ့ရတဲ့ တောင်တန်းဒေသ အပျက်အစီးတွေထဲကနေ အသက်ရှင်ကျန်ရစ်သူတွေကို အပူတပြင်း ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြပါတယ်။
ရစ်ချ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းမြေငလျင်ဟာ မာရာကတ်ချ်အနောက်တောင်ဘက် အက်လက်စ်တောင်တန်းဒေသမှာ ပြီးခဲ့တဲ့ သောကြာနေ့နှောင်းပိုင်းက လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၂၅၀၀ ကျော်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ငလျင်လှုပ်ခတ်ပြီး သုံးရက်အကြာမှာ အသက်ရှင်ကျန်ရစ်သူတွေကို အသက်ရှင်လျှက် ရှာဖွေတွေ့ရှိဖို့အလွန်ခက်ခဲကြောင်း ၊ သို့သော် မျှော်လင့်ချက်ရှိကြောင်း စပိန်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူကပြောသည်။
ငလျင်ကယ်ဆယ်ရေးနှင့်ပတ်သက်၍ ဗြိတိန်၊ ကာတာ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနဲ့ စပိန်နိုင်ငံတို့မှ အကူအညီများကို လက်ခံရရှိထားကြောင်း မော်ရိုကိုအာဏာပိုင်များက ထုတ်ပြန်ထားသည်။
Ref:CNA
Photo:AFP
#voiceofmyanmar #VOM #RescuersRace #MoroccoQuake #DeathTollRises #above2800