တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်း သုံးခုကနေ သွင်းကုန်လိုင်စင်လျှောက်ထားမှုနဲ့ပတ်သက်ပြီး လိုင်စင်ခွင့်ပြုပေးမယ့် အခြေအနေ

စက်တင်ဘာ ၁၃၊ ၂၀၂၃
Shy V(VOM)

တရုတ်နယ်စပ်ကနေ မြန်မာဘက် တင်သွင်းမယ့် သွင်းကုန်လိုင်စင် လျှောက်ထားမှုအပေါ် Credit Advice နဲ့ Bank Statement မူရင်းတင်ပြရန် မလိုဘဲ လိုင်စင်ခွင့်ပြုပေးမှာဖြစ်တယ်လို့ မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေးစခန်းတွေရဲ့ အသိပေး ထုတ်ပြန်စာနဲ့ နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းက သိရပါတယ်။

“ကံပိုင်တည်ရယ်၊ ချင်းရွှေဟော်ရယ်၊ မူဆယ်ရယ် အဲ့ဒီသုံးပေါက်ကတော့ ပို့ကုန်ရငွေကို သွင်းကုန်အတွက် ပြန်ပြစရာမလိုဘူး။ Ending ဖြုတ်လိုက်တယ်လို့ ခေါ်တာပေါ့နော်။ Credit ပြစရာမလိုတော့ဘူးတဲ့။ ဒါပေမယ့် မြဝတီ တို့၊ တာချီလိတ်တို့တော့ မပါသေးဘူး။ အဲ့ဒီဘက်ကလည်း မကြာခင် ဖြေလျှော့မယ်လို့တော့ကြားတယ်”လို့ နယ်စပ် သွင်းကုန်လုပ်ငန်းရှင် ၁ ဦးက ပြောပါတယ်။

အရင်ကဆောင်နေကျကတော့ ဂျူတီအလိုက် ပေးဆောင်ရင် ပို့ကုန်ရငွေ စာရွက်စာတမ်းတွေပြမှ သွင်းကုန်အတွက် ဂျူတီဆောင်ခွင့်ပေးတာဖြစ်တယ်

မူဆယ် ၁၀၅ မိုင်က သွင်းကုန် ကိုယ်စားလှယ် (အေးဂျင့် – ကုန်သည်တွေကိုယ်စား အခွန်ကိစ္စဝန်ဆောင်မှုပေးသူ) ၁ ဦးကလည်း “သွင်းကုန်လိုင်စင် လျှောက်ရင် ပို့ကုန်ရငွေ ပြစရာ မလိုတော့ဘူးဆိုတာ ကြားတော့ကြားတယ်။ ဘယ်နေ့စမယ်တော့ မသိဘူး”လို့ ပြောပါတယ်။

တရုတ်နယ်စပ်က သွင်းကုန်လိုင်စင်လျှောက်ထားမှုတွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ Online Trading အစီအစဉ်မှ နိုင်ငံခြားငွေ ဝယ်ယူလျှောက်ထားခြင်းကို ခွင့်မပြုတာကြောင့် Credit Advice နဲ့ Bank Statement မူရင်းတင်ပြဖို့မလိုဘဲ လိုင်စင်ခွင့်ပြုပေးမှာဖြစ်ကြောင်း၊ ကုန်သွယ်ရေးဦးစီးဌာနမှ အကြောင်းကြားလာကြောင်း ကံပိုင်တည် ကုန်သွယ်ရေးစခန်း၊ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတွေကနေ စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ အသိပေးကြေညာစာ ထုတ်ပြန်ထားပါတယ်။

နယ်စပ်သွင်းကုန် လိုင်စင်လျှောက်ထားရာမှာ လုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန် တင်ပို့ခြင်းမှ ရရှိငွေ သို့မဟုတ် အခြားဝင်ငွေဝင်ရောက်ကြောင်း သို့မဟုတ် ပြည်တွင်းဘဏ်မှ ဝယ်ယူထားကြောင်း၊ သက်ဆိုင်ရာ ဘဏ်က ထုတ်ပေးထားတဲ့ အထောက်အထား (Credit Advice) နဲ့ ဘဏ်ငွေ စာရင်းရှင်းတမ်း (Bank Statement) မူရင်းတင်ပြ ရမှာဖြစ်ကြောင်း၊ ဩဂုတ်လ ၁ ရက်နေ့ကစ စတင် ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့က ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #တရုတ်နယ်စပ်
#ကုန်သွယ်ရေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW