မီဇိုရမ်မှာ မြန်မာနိုင်ငံသား ၂ ဦးဆီက ကျည်ဆံတွေ ဖမ်းဆီးရမိ

စက်တင်ဘာ ၁၃ ၊ ၂၀၂၃
SP ( VOM)

မြန်မာ – အိန္ဒိယ နယ်စပ်ဒေသဖြစ်တဲ့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ လောင်းတွယ်လ် (Lawngtlai) ခရိုင် ၊ ဆိုက်ဟားမြို့နယ်ထဲမှာ မနေ့ စက်တင်ဘာ ၁၂ ရက်က မြန်မာနိုင်ငံသား ၂ ဦးဆီကနေ တရားမဝင် ကျည်ဆံတွေ သယ်ဆောင်လာတာကို ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ပြည်နယ် သတင်းဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

” မနေ့က ဖမ်းမိတာဖြစ်တယ် ၊ မြန်မာနိုင်ငံသား ၂ ဦးနဲ့ မီဇိုရမ် ဒေသခံ ၁ ဦး အပါအဝင် ၃ ဦး အဖမ်းခံရတယ် ၊ သူတို့က မြန်မာဘက်ကို ဖြတ်ဝင်နိုင်ဖို့ ဆိုင်ကယ် ၃ စီးနဲ့ အသွား အာသံရိုင်ဖယ်တပ်နဲ့ မီဇိုရမ်ပြည်နယ် ရဲအဖွဲ့ကနေ ဖမ်းလိုက်တာဖြစ်တယ် ၊ AK – 47 ကျည်ဆံ ၁၈၀၀ နဲ့အတူ ဖမ်းခံရတာဖြစ်တယ် ၊ လောလောဆယ် အဖမ်းခံရတဲ့ သူတို့ ၃ ဦးကို ဆိုက်ဟား ရဲစခန်းမှာ ချုပ်ထားတယ် “လို့ နယ်စပ်ကုန်သည်ဖြစ်သူ ဦးပါးထန်က ပြောပါတယ်။

မြန်မာ – အိန္ဒိယ နယ်စပ်ဒေသမှာ မကြာခဏ ဆိုသလို မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတာနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတာကြောင့် နယ်စပ်ကုန်သွယ်ရေးတွေ ယာယီရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

မီဇိုရမ်မှာနေထိုင်ပြီး မြန်မာနိုင်ငံသားတွေကို ကူညီပေးနေတဲ့ ပရဟိတသမားတယောက်က
” မီဇိုရမ် – မြန်မာနယ်စပ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ မှာ လက်နက်မှု ၇ မှု ၊ မူးယစ်ဆေးဝါး ၁၁ မှုနဲ့ မြန်မာနိုင်ငံသား အချင်းချင်း လူသတ်မှု ၂ ကြိမ်ဖြစ်တယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလကစလို့ ချင်းပြည်နယ်ထဲက ဒေသခံ ၂ သောင်းကျော်ဟာ မီဇိုရမ်ပြည်နယ်ထဲမှာ သွားရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်ထဲမှာ နေရာအနှံ့နီးပါး ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး နယ်မြေ အေးချမ်း တည်ငြိမ်မှုမရှိတဲ့အတွက် နယ်စပ်ဒေသမှာ အိန္ဒိယဘက်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

Photo Crd – မီဇိုရမ် ပြည်နယ်ရဲတပ်ဖွဲ့
#voiceofmyanmar #VOM #မီဇိုရမ် #မြန်မာနှစ်ဦး #ကျည်ဆံတွေနဲ့ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW