ရန်ကုန်ကို အလည်ရောက်နေတဲ့ ရဲအုပ်တဦး ပစ်သတ်ခံရ

စက်တင်ဘာ ၁၃ – ၂၀၂၃
SP -GG (VOM )

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊(၈)ရပ်ကွက်၊တပင်ရွှေထီးလမ်းက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်လာသောက်တဲ့ ရဲအုပ်အောင်သက်ထွေးဆိုသူ သေနတ်နဲ့ပစ်သတ်ခံခဲ့ရမှု ဒီနေ့ စက်တင်ဘာလ ၁၃ ရက် နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။

” ဝေယံလက်ဘက်ရည်ဆိုင်ထဲမှာ ထိုင်နေတာကို ဝင်ပြီးပစ်သွားတာ၊ ပစ်သွားသူက ၂ ယောက် ပါ။ပစ်တာတော့ ၃ ချက်လို့ သိရတယ်။ ဖြစ်ပြီး ဆေးရုံခေါ်သွားပေမယ့် သေသွားတယ် သိရတယ် “လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အဆိုပါ ရဲအုပ်အောင်သက်ထွေးဆိုသူဟာ ရန်ကုန်မှာတာဝန်ကျတဲ့ ရဲအုပ်မဟုတ်ဘဲ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ တာဝန်ကျတဲ့ ရဲအုပ်ဖြစ်တယ်လို့သိရပါတယ်။

” ဒီနေ့လယ်ပိုင်းက ပစ်ခံရတာဖြစ်တယ် ၊ သူက ရန်ကုန် ရွှေပြည်သာက မဟုတ်ဘူး ၊ ကယားပြည်နယ် လွိုင်ကော်မှာ တာဝန်ကျတယ် ၊ အခုဟာက နေပြည်တော် ရဲချုပ်ရုံးမှာ DY ရာထူးတိုးဖြေဖို့လာရင်း မပြန်နိုင်သေးတာ ၊ လေယာဥ် အခက်ခဲကြောင့်လားမသိဘူး သူမပြန်နိုင်သေးတာ”လို့ လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူ(၁)ဦးကပြောပါတယ်။

လက်ရှိမှာတော့ ပစ်ခတ်သွားသူတွေကို လိုက်လံရှာဖွေနေပြီး စစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။

ရန်ကုန်အပါအဝင် ကျန်တဲ့ တိုင်း နဲ့ပြည်နယ်တွေမှာလည်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သား ၊ မီးသတ်တပ်ဖွဲ့ ဝင်အချို့ သတ်ဖြတ်ခံရမှုတွေရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ရဲအုပ်ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW