ကယားက စစ်ရှောင်ကလေးတွေသွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများလာပြီး အကူအညီတွေလိုအပ်နေ

စက်တင်ဘာ ၊ ၁၄-၂၀၂၃
MM (VOM)

ကယားပြည်နယ်က စစ်ဘေးရှောင် ကလေးတွေသွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများလာပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။

”ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ မယ်စဲ့၊ ဖားဆောင်း၊ ဘောလခဲ စတဲ့ မြို့နယ်တွေက စစ်ဘေးရှောင်ကလေးတွေမှာ သွေးလွန်တုပ်ကွေးတွေဖြစ်နေတာ၊ သြဂုတ်ဂုတ် လ နောက်ဆုံးအပတ်လောက်က (၁)ယောက်စ(၂) ယောက်ဖြစ်လာရင်းနဲ့ အခုဆို မနည်းဘူး အယောက် ၁၀၀ ဝန်းကျင်လောက်ရှိမယ်၊ တနေ့နဲ့ တနေ့အဖြစ်များလာတယ်၊ ကြာလာရင် မလွယ်ဘူး ချမ်းတုန်ပြီး ကိုယ်တွေပူ နေတယ်၊ ကိုယ်ခန္ခာမှာလည်း အနီစက်တွေပွနေတာ တွေ့ရတယ်၊ဘာရရ အကူအညီ အရမ်းလိုအပ်နေတယ်”လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ(၁)ဦးကပြောပါတယ်။

အဲ့ဒီ စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေသူ(၁)ဦးက”အခုလို မိုးတွင်းမှာ အိမ်မှာကောင်းကောင်း နေရင်တောင် သွေးလွန်တုပ်ကွေးက ဖြစ်တတ်တဲ့ ရောဂါပါ၊ စစ်ရှောင်နေရတဲ့ ကလေးတွေအဖို့ ပိုဆိုးတာပေါ့ ၊ လိုအပ်တဲ့ ခြင်ထောင်တွေမရှိဘူး ၊တောထဲမှာ အကာအကွယ်မဲ့ အိပ်နေရမှုတွေကြောင့် ခြင်ကိုက်ခံရပြီး သွေးလွန်တုပ်ကွေးရောဂါတွေ ဖြစ်ပွားနေတာ၊ အကူအညီတွေ လိုအပ်နေတယ်၊ အခုလက်ကျန် ဆေးလေးတွေနဲ့ကုသပေးနေရတာ ဒီအခြေအနေတိုင်းဆို မကောင်းဘူး”လို့ ပြောပါတယ်။

အဲ့ဒီဒေသက စစ်ရှောင်ကလေးတွေအပြင် သက်ကြီးပိုင်းအရွယ်တွေနဲ့ ရောဂါအခံရှိသူတွေ အယောက် ၂၀၀ ဝန်းကျင်လောက်မှာလည်း ရာသီဖျားရောဂါနဲ့ ယားရမ်းပြီး အရေပြားရောဂါတွေဖြစ်ပေါ်နေတယ်လို့ စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် တောင်စပ်တွေနဲ့ တောစပ်တွေမှာ နေရတဲ့ စစ်ဘေးရှောင်တွေဟာ မိုးများတဲ့ရက်တွေမှာ ရုတ်တရက် တောင်ကျရေတွေ ထိုးဆင်းလာပြီး အမိုးအကာတွေ ပျက်စီးတာနဲ့ မြွေအန္တရာယ်လည်း စိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

#voiceofmyanmar #VOM #ကယား

Related posts

Leave a Comment

VOM News

FREE
VIEW