စစ်ကိုင်းမြို့နယ်မှာ ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပြီး လူ ၃ ဦး သေဆုံး

စက်တင်ဘာ ၊ ၁၄ ၊ ၂၀၂၃
SP ( VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်မြို့နယ် ၊ တံတားဦးကျေးရွာနားမှာ ဒီကနေ့ မနက်ပိုင်းက ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားပြီး လူငယ် ၃ ဦး အသေပစ်ခတ်ဖမ်းဆီးခံရတယ်လို့ တံတားဦးရွာခံတွေဆီက သိရပါတယ် ။

” မနက် ၆ နာရီ ဝန်းကျင်လောက်က ပစ်ခတ်သံတွေကြားရတယ် ၊ နောက်မှ သိရတာက လုံခြုံရေးအဖွဲ့တွေက လူတွေကို ပစ်ဖမ်းတာ ” လို့ တံတားဦးရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” နယ်မြေရှင်းလင်းရေးအဖွဲ့နဲ့ ထိတွေ့ ပစ်ခတ်တာဖြစ်တယ် ၊ အလောင်း ၃ လောင်း ၊ M 16 သေနတ် ၁ လက် ၊ ကျည် ၁၄ တောင့် ၊ ကျည်အိမ် ၁ ခု ၊ FGC -(MK) သေနတ် ၁ လက် ၊ လက်လုပ် ၄၀ မမသေနတ် ၁ လက် ၊ လက်လုပ်သေနတ် ၇ လက် ၊လက်လုပ်မိုင်း ၂၀ လုံး ၊ ကား ၁ စီး သိမ်းဆည်းရမိတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းမြို့နယ် ၊ နုံးတွင်းကျေးရွာနဲ့ နတ်ခရိုင်ကျေးရွာ အကြား ၊ မန္တလေး – မုံရွာ ကားလမ်းပေါ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်မနက် ၁၀ နာရီဝန်းကျင်းက လူငယ် ၃ ဦးကို ပစ်သတ်ဖမ်းဆီးခံရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီအပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ကလည်း စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့နယ် ၊ ကျွဲရဲကျေးရွာနားနဲ့ ကြေးမုံကျေးရွာအနီးမှာ လူ ၇ ယောက် ပစ်သတ်ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်က စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်ကြားမှာရှိတဲ့ ခက်ခရွာမှာ ၁ ယောက်၊ ကျွန်းတောဦးရွာမှာ ၇ ယောက်၊ ပေါက္ကားရွာ ၆ ယောက် ၊ မူးမန္တလေး ရွာ မှာ ၁ ယောက် ၊ ထန်းတောဆိပ်ရွာမှာ ၅ ယောက်၊ ထန်းကြီးရွာမှာ ၃ ယောက် ၊ ကျီးကန်(မြောက်) ရွာမှာ ၄ ယောက် ၊ အားလုံးပေါင်း ၂၇ ယောက် ပစ်သတ်ဖမ်းဆီးခံရတာတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW