မြိုင်မြို့နယ်မှာ ပစ်ခတ်ဖမ်းဆီးလို့ လူ ၄ ဦး သေဆုံး

စက်တင်ဘာ ၁၅ -၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ်မှာ မနေ့ စက်တင်ဘာ ၁၄ ရက်က ပစ်ခတ်ဖမ်းဆီးမှုတွေရှိတာကြောင့် လူ ၄ ဦး သေဆုံးသွားခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဝါးကြီးတောရွာနဲ့ သက္ကယ်ကန်ရွာကြားမှာ လူငယ်တစ်ယောက် ပစ်သတ်ဖမ်းဆီးခံရတယ် ၊ အဲ့ဒီနောက် ဆိတ်သက်ရွာနားမှာ ၂ ယောက် ပစ်သတ်ဖမ်းဆီးတယ် ၊ ​အဲ့ဒီအပြင် မြို့စိုးရွာနားမှာ နောက်တစ်ယောက် ပစ်သတ်ဖမ်းဆီးခံရတယ် ” လို့ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မြိုင်မြို့နယ်မှာ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ် ၊ လူသတ် ဓားမြကိစ္စနဲ့ကျော်ဇောတဲ့သူတွေကို ဖမ်းဆီးတဲ့အခါ သူတို့ဘက်က စတင်ပစ်ခတ်တာတွေရှိတယ် ၊ အဲ့ဒါကြောင့် ပစ်ခတ်ဖမ်းဆီးရတယ် ၊ အဲ့ဒီ သေဆုံး တရားခံတွေဆီက လက်နက်ခဲယမ်းတွေ သိမ်းဆီးရမိတယ်”လို့ ပြောတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ကလည်း မြိုင်မြို့နယ် ၊ ပေါက်ပြင်းရွာမှာ အမျိးသား ၄ ဦး ၊ အမျိုးသမီး ၁ ဦး ၊ ဂွေးပင်လယ်ရွာမှာ အမျိုးသား ၁၂ ဦး ၊ နဲ့ သံပုရာခြံရွာမှာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ၊ ပေါင်း ၂၀ ဦးဟာ အသတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြိုင်မြို့နယ်မှာ မြို့ပေါ် လူနေရပ်ကွက် ၊ ကျေးရွာအုပ်စု ၈၁ အုပ်စုနဲ့ ကျေးရွာပေါင်း ၃၃၀ ရွာရှိတဲ့အနက်က ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း လုယက် ၊ လူသတ် ၊ ဓားပြမှုပေါင်း ၂၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြိုင်

Related posts

Leave a Comment

VOM News

FREE
VIEW