လန်ဒန်၊ စက်တင်ဘာ-၁၅-၂၀၂၃
မျိုးဆက်(VOM)
ရုရှားအတွက် မောင်းသူမဲ့လေယာဉ်တွေနဲ့ ဒုံးကျည်တွေကို ရောင်းချဖို့ကြိုပမ်းမှုကို ဟန့်တားမှုအဖြစ် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့ဟာ အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေ ဆက်လက်ထားရှိမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
၂၀၁၅ အီရန်နျူကလီးယားသဘောတူစာချုပ်မှာ ရရှိခဲ့တဲ့ သဘောတူညီချက်တွေအရ အီရန်အပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုအချို့ကို လာမယ့်လမှာ ဖယ်ရှားပေးရမှာဖြစ်ပါတယ်။
အရေးယူပိတ်ဆို့မှုတွေဆက်လက်ထားရှိဖို့ လုပ်ဆောင်ခြင်းဟာ တရားမဝင်ဖြစ်ပြီး ရန်စတဲ့ လုပ်ရပ်ဖြစ်ကြောင်း အီရန်က ဝေဖန်ပြောဆိုထားပါတယ်။ အချို့သော အရေးယူပိတ်ဆို့မှုတွေဟာ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ မောင်းသူမဲ့လေယာဉ်တွေ ထုတ်လုပ်တင်ပို့ရောင်းချခြင်းကို ရပ်တန့်စေမှာဖြစ်ပါတယ်။
ဒါပေမယ့် အီရန်ဟာ သန့်စင်ပြီးယူရေနီယံသိုလှောင်ခြင်းနဲ့ ၂၀၁၅ နျူကလီယားစာချုပ်ပါ သဘောတူညီချက်တွေကို ချိုးဖောက်နေကြောင်း ဥရောပနိုင်ငံတွေက ယုံကြည်နေကြပါတယ်။
၂၀၁၅ နျူကလီးယားသဘောတူစာချုပ်အရ အီရန်ဟာသူ့ရဲ့နျူုကလီးယားအစီအစဉ်တွေကို စည်းကမ်းချက်အရ ကန့်သတ်ခံခဲ့ရပြီး အပြန်အလှန်အားဖြင့် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုအချို့ကို ဖြေလျော့ပေးဖို့ သဘောတူခဲ့ကြပါတယ်။
Ref:BBC
Photo:AP
#voiceofmyanmar #VOM #UK #FranceAndGermany #keepNuclearSanctions #onIran