ပါရီ၊ စက်တင်ဘာ-၂၅-၂၀၂၃
မျိုးဆက်(VOM)
ပြင်သစ်နိုင်ငံဟာ အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ နိုင်ဂျာကနေ သံအမတ်ကို ပြန်ခေါ်ပြီး နိုင်ဂျာနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုအားလုံးကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ပြင်သစ်သမ္မတမက်ခရိုက ပြောပါတယ်။
နိုင်ဂျာကနေ သံအမတ်ကြီးကို ပြန်ခေါ်ဖို့ ဆုံးဖြတ်လိုက်ပြီး များမကြာမီမှာတော့ သံအမတ်ကြီးနဲ့ အခြားသော သံတမန်အများအပြား ပြင်သစ်ကို ပြန်လာတော့မယ်လို့ မက်ခရွန်ကဆိုပါတယ်။
နိုင်ဂျာနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေအားလုံးကိုလည်း အဆုံးသတ်လိုက်ပြီး ပြင်သစ်တပ်ဖွဲ့ဝင်တွေဟာ လာမယ့်လတွေအတွင်း နိုင်ဂျာကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်ကပြောပါတယ်။
ကုန်းတွင်းပိတ် အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ နိုင်ဂျာမှာ ပြင်သစ်တပ်ဖွဲ့ဝင် ၁၅၀၀ ခန့်ရှိနေပါတယ်။ပြင်သစ်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး နိုင်ဂျာစစ်အာဏာပိုင်တွေကတော့ ကြိုဆိုကြောင်း ထုတ်ပြန်ထားပါတယ်။
နိုင်ဂျာရဲ့ အချုပ်အခြာအာဏာကို ဦးတည်တဲ့ ပြင်သစ်ရဲ့ဆုံးဖြတ်ချက်အတွက် ဂုဏ်ယူတယ်လို့ နိုင်ဂျာစစ်အာဏာပိုင်တွေက ထုတ်ပြန်ကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။ နိုင်ဂျာမှာ ပြင်သစ်ဆန့်ကျင်ရေးဆန္ဒပြပွဲများဖြစ်ပွားပြီးနောက် လအတန်ကြာမှာ တပ်ဖွဲ့ဝင်တွေရုပ်သိမ်းရေးအပါအဝင် ပြင်သစ်ရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #NigerCoup #France #withdrawTroops #ambassador #Macron