ရီယတ်၊ အောက်တိုဘာ-၄
မျိုးဆက်(VOM)
စွမ်းအင်၀ယ်လိုအား တိုးပွားလာတာကြောင့် ရေနံစျေးနှုန်းတွေ ဆက်လက်မြင့်တက်နေဦးမှာဖြစ်ကြောင်း ရေနံထုတ်လုပ်ရောင်းချတဲ့နိုင်ငံများအဖွဲ့ (အိုပက်) အထွေထွေအတွင်းရေးမှူးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အိုပက်အဖွဲ့နဲ့ မဟာမိတ်နိုင်ငံတွေဟာ အဖွဲ့၀င် ၂၃ နိုင်ငံပါ၀င်ပြီး ရေနံစိမ်းဘယ်လောက် ထုတ်လုပ်ရောင်းချမည်ဆိုတဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်က ကမ္ဘာ့ရေနံစျေးကွက်အပေါ် သက်ရောက်မှုတွေရှိပါတယ်။
လက်ရှိမှာ တနေ့ကို ရေနံစည်ပေါင်း ၂ ဒသမ ၄ သန်းထိ ၀ယလြိုအားတိုးလာကှောငြး အိုပက်အဖွဲ့ အတွင်းရေးမှူး ဟီသမ်အယ်လ်က ဆိုပါတယ်။
ရေနံစျေးနှုန်းမြှင့်တင်ဖို့အတွက် တနေ့ကို ရေနံစည်ပေါင်း တသန်းလျှော့ချထုတ်လုပ်မယ်လို့ ဆော်ဒီအာရေဗျက ကြေညာထားပါတယ်။
ဆော်ဒီအာရေဗျနဲ့ ရုရှားတို့အပါအ၀င်အပါအ၀င် အိုပက်နဲ့မဟာမိတ်နိုင်ငံတွေရဲ့ ရေနံလျှော့ချထုတ်လုပ်မယ့် ဆုံးဖြတ်ချက်ကြောင့် ယခုနှစ်ကုန်မှာ ကမ္ဘာ့စျေးကွက်အတွင်းရေနံထောက်ပံ့မှု သိသိသာသာလျော့ကျသွားနိုင်ကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီ(အိုင်အီးအေ)က သတိပေးထားပါတယ်။
ဒါဟာ ဆော်ဒီအာရေဗျနှင့်ရုရှားတို့ရဲ့ ဆန္ဒအလျောက်ဆုံးဖြတ်ချက်ဖြစ်ကြောင်း အိုပက်အဖွဲ့အထွေထွေအတွင်းရေးမှူးက ပြောဆိုထားပြီး ဒါဟာ ရေနံစျေး မသေချာမရေရာအခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှုဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။
Ref:BBC
Photo:ET