အောက်တိုဘာ-၁၁-၂၀၂၃
မျိုးဆက်(VOM)
ရုရှားဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ပြန်လည်ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့သော်လည်း အဖွဲ့ဝင်နိုင်ငံတွေရဲ့ မဲပေးမှုမှာ ပြန်လည်ရွေးချယ်မခံရဘဲ ရှုံးနိမ့်ခဲ့ပါတယ်။
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကြောင့် ရုရှားကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကနေ လွန်ခဲ့တဲ့ ဧပြီလမှာ အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ် အရှေ့ဥရောပနိုင်ငံတေနွအတွက် ခွဲဝေပေးထားတဲ့ အဖွဲ့ဝင် နှစ်နေရာကို ဘူလ်ဂေးရီးယားနဲ့ အယ်လ်ဘေးနီးယားတို့က ရွေးချယ်ခံခဲ့ရပါတယ်။
ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်း ဟရိုဇာရွာမှာ လူပေါင်း ၅၂ ဦးသေဆုံးစေခဲ့တဲ့ ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုအပြီး ရက်ပိုင်းအကြာမှာ လူ့အခွင့်အရေးအဖွဲ့ဝင်နိုင်ငံ ရွေးချယ်ဖို့ မဲပေးမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံမဲခွဲဆုံးဖြတ်ရာမှာ ရုရှားဟာ ထောက်ခံမဲ ၈၃ မဲသာရရှိခဲ့ပြီး ဘူလ်ဂေးရီးယားက ထောက်ခံမဲ ၁၆၀ ၊ အယ်လ်ဘေးနီးယားက ထောက်ခံမဲ့ ၁၂၃ မဲရရှိခဲ့ကြောင်း သိရပါတယ်။
Ref: BBC
Photo:HRW
Telegram Link: https://t.me/VOMNEWS2023/2930