ထိတွေ့ တိုက်ပွဲတွေဖြစ်နေလို့ ရွှေဘို – မြစ်ကြီးနား ကားလမ်း ပိတ်ထား

အောက်တိုဘာ ၊ ၁၁ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ငှက်ပျောတိုင်း ကျေးရွာနားမှာရှိတဲ့ ငှက်ပျောတိုင်း လျှပ်စစ်ဓာတ်အားခွဲရုံဝန်းကျင်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရွှေဘို – မြစ်ကြီးနား ကားလမ်းပိတ်ထားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။
” ငှက်ပျောတိုင်း လျှပ်စစ် ဓာတ်အားခွဲရုံနားမှာ တိုက်ပွဲဖြစ်နေတယ် ၊ ဓာတ်အားခွဲရုံမှာရှိတဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ ပစ်ကြတာဖြစ်တယ် ၊ အဲ့ဒီနေရာမှာ ထိတွေ့မှုဖြစ်တာ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်ကနေ ဒီကနေ့အထိ ၃ ရက်ရှိပြီဖြစ်တယ် ၊ တိုက်ပွဲက ရဟတ်ယာဥ်တွေနဲ့ပါ ပစ်ကြတာဖြစ်တယ် ၊ အဲ့ဒါကြောင့် ရွှေဘို – မြစ်ကြီးနားလမ်းကို ကားတွေမသွားကြဘူး ၊ အခုထိ လမ်းပိတ်ထားတယ် ” လို့ ကန့်ဘလူမြို့ခံ တယောက်က ပြောပါတယ်။
ဒါ့အပြင် မန္တလေး ၊ ရွှေဘို ၊ မြစ်ကြီးနား ၊ ဖားကန့် စတဲ့ဒေသဘက်ကို ကုန်စည်ပြေးဆွဲနေတဲ့ ကားသမားတယောက်က ” အခုတိုက်ပွဲတွေဖြစ်နေတဲ့ နေရာဟာ ရွှေဘို မြစ်ကြီးနား ဗျူဟာလမ်းလို့ ခေါ်တယ် ၊ အဲ့ဒီလမ်းပေါ်က ငှက်ပျောတိုင်း ၊ စပယ်နံ့သာ ၊ ဇင်း ၊ ဘော ၊ ကျောက်တန်းအထိကြားထဲမှာ တိုက်ပွဲ ခဏခနဖြစ်တယ် ၊ အဲ့ဒါကြောင့် မြစ်ကြီးနားသွားမယ်ဆိုရင် အဲ့ဒီ ဗျူဟာလမ်းကိုကွင်းပြီး ရွှေဘို ကျောက်မြောင်း စဥ့်ကူး ကနေ မန္တလေး ဗန်းမော်ကားလမ်းပေါ်တက်ပြီး သွားရတယ် ၊ ထီးချိုင့်ရောက်မှ ဗျူဟာလမ်းပေါ် ပြန်တက်သွားရတယ် ၊ အခုထိလည်း အဲ့တိုင်းသွားနေရတယ် ” လို့ ပြောပါတယ်။
အဲ့ဒီ ရွှေဘို – မြစ်ကြီးနား ကားလမ်းပိတ်ထားတာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ရွှေဘို – မြစ်ကြီးနားလမ်းကို တရားဝင် ပိတ်ထားတာတော့ မရှိဘူး ၊ အဲ့ဒီလမ်းကြောင်းမှာ ထိတွေ့မှု အနည်းငယ်တော့ရှိတယ် ၊ တချို့ကားသမားတွေက လုံခြုံရေးအရ စေ့ဖြစ်အောင် မသွားတာပဲဖစ်မယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကစလို့ အဲ့ဒီ ရွှေဘို – မြစ်ကြီးနား ကားလမ်းမှာ လမ်းဘေးမိုင်းတွေ ပေါက်ကွဲပြီး ခရီးသည်တွေ ထိမှန်သေဆုံး ၊ ဒဏ်ရာရတာတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
” ဘောရွာ ၊ ဇင်းရွာကနေ ငှက်ပျောတိုင်းအကြား မိုင်းကွဲဖြစ်စဥ် မကြာခဏဖြစ်တယ် ၊ မိုင်းကွဲတဲ့ အရေအတွက်ပေါင်း ၁၅၀ ကျော်မယ် ၊ သေဆုံးသူ ခရီးသည် ၁၂ ယောက်နဲ့ ဒဏ်ရာရ ခရီးသည် ၅၀ ကျော်ရှိနိုင်မယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
ဒါ့အပြင် ဒေသတွင်း လက်ကိုင်းအဖွဲ့တွေက ဆီဘောက်ဆာကားတွေ ၊ နွားကားတွေ ၊ ဖားကန့်ပြန် ဆီကားတွေ ၊ သစ်ကားတွေ အပြင် သူတို့ သတင်းရတဲ့ ကားတွေ ဖမ်းဆီးထားလည်း အစီးရေ ၃၀ ကျော်ရှိပြီး အခုထိ ပြန်မလွတ်ဘူးလို့ ဒေသခံတွေ ပြောပြလို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW