နမ့်ခမ်းမှာ ကလေးပြန်ပေးဆွဲတဲ့ အဖွဲ့ကို PSLF/TNLA က ၁ ယောက် အသေ၊ ၂ ယောက်အရှင် ဖမ်းမိ

အောက်တိုဘာ ၁၁၊ ၂၀၂၃
Shy V (VOM)
တရုတ် – မြန်မာ နယ်စပ်၊ နမ့်ခမ်းမြို့မှာ အောက်တိုဘာ ၉ ရက်နေ့ မနက် ၉ နာရီခန့်က မူကြို ကလေး၁ ယောက်ကို မိခင်က ကျောင်း သွားပို့နေချိန် လမ်းမှာ လုယူ ပြန်ပေးဆွဲသွားတဲ့ အဖွဲ့ကို PSLF/TNLA က ၁ ယောက်အသေ၊ ၁ ယောက်အရှင် ဖမ်းမိ‌ကြောင်း ကာယကံရှင်မိသားစုနဲ့ နီးစပ်သူနဲ့ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ် ပြန်စာ အရသိရပါတယ်။
“ခိုးတဲ့ လူတွေက တရုတ် ဟုတ်တယ်။” လို့ ဒေသခံ အမျိုးသမီး ၁ယောက်ကပြောပါတယ်။
အဲသလို ပြန်ပေးဆွဲတဲ့ သူတွေက အဖွဲ့ လိုက်ဖြစ်ပြီး အများစုက တရုတ်လူမျိုးတွေ များပြီး ဖုန်းဆက် ငွေခြိမ်းခြောက်၊ ပြန်ပေးဆွဲ တာတွေ နမ့်ခမ်း၊ မူဆယ်၊ ပန်ဆိုင်း၊ မုံးကိုးတွေ မှာလည်း ဒီရက်ပိုင်းတွေမှာ ပိုမိုများ လာနေတယ်လို့ သူက ပြောပါတယ်။
“ကလေး ခိုးသွားတော့ အကုန်လုံးဆီ ချက်ချင်း အကူအညီ တောင်းတာ သူတို့။ ကလေး သူခိုး ၁ ယောက်က သေသွားတယ်။ကားသမား။ သူတို့ ကားတားတာ မရပ်လို့ ပစ်လိုက်တာ ပြောတယ်။” လို့ နယ်စပ်ဒေသခံ ၁ ဦးက ပြောပါတယ်။
ကလေး လုယူပြီး နမ့်ခမ်း – နမ့်ဖတ်ကာ လမ်းဘက် ကားမောင်း လာချိန် တရုတ်ရွာ အနီးမှာ ဖမ်းဆီးမိတာလို့ သူက ပြောပါတယ်။
ပြန်ပေးဆွဲသွားချိန် PSLF/TNLA က ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ကြောင်း PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနကထုတ် ပြန်စာ အရသိရပါတယ်။
ပြန်ပေးဆွဲ အဖွဲ့က သေနတ်နဲ့ အရင် ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ၁ ယောက် သေဆုံးပြီး ၂ ယောက်ကို အရှင်ဖမ်းဆီးရမိရာ ကလေးငယ်ကိုလည်း အချိန်မှီ ကယ်တင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။
ပြန်ပေးဆွဲအဖွဲ့ တွေဆီက Glock ပစ္စတိုသေနတ် ၂ လက် ၊ Crown ကား ၂ စီး၊ ဖုန်း ၃ လုံး၊ မြန်မာငွေ သိန်း ၂၀ ကျပ်၊ တရုတ်ငွေ ၂၄၀ ယွမ်၊ မြန်မာနိုင်ငံသားမှတ်ပုံတင် ၃ ခု နဲ့ တရုတ်နိုင်ငံ ဝင်ခွင့်ဗီဇာကဒ် ၂ ခု ကို သိမ်းဆည် ရမိထားကြောင်း ဖော်ပြထားပါတယ်။
Photo Crd# CJ/ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေး

Related posts

Leave a Comment

VOM News

FREE
VIEW