မြောက်ကိုရီးယားက ရုရှားအတွက် စစ်လက်နက်ပစ္စည်း ကွန်တိန်နာအလုံးရေ ၁၀၀၀ ကျော် ထောက်ပံ့ခဲ့ကြောင်း အမေရိကန်ပြော

ဝါရှင်တန်၊ အောက်တိုဘာ-၁၄-၂၀၂၃
မျိုးဆက်(VOM)
ယူကရိန်းစစ်မြေပြင်မှာ ရုရှားအသုံးပြုဖို့အတွက် စက်လက်နက်ပစ္စည်းအမြောက်အမြားကို မြောက်ကိုရီးယားက ထောက်ပံ့ပေးခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက အောက်တိုဘာ ၁၂ ရက်မှာ ထိပ်မံစွပ်စွဲပြောဆိုလိုက်ပါတယ်။
မကြာသေးမီရက်သတ္တပတ်တွေအတွင်း မြောက်ကိုရီးယားဟာ ရုရှားအတွက် စစ်လက်နက်ပစ္စည်း ကုန်သေတ္တာအလုံးရေ ၁၀၀၀ ကျော်ထိထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေး ကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံ နာဂျင်ဆိပ်ကမ်းမှာ သယ်ယူပို့ဆောင်ရေးအတွက် ကွန်တိန်နာအလုံး ၃၀၀ ပါဝင်တဲ့ ဓါတ်ပုံတွေကိုလည်း အမေရိကန်တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။
ပေးပို့မှုတွေကို စက်တင်ဘာ ၇ ရက်ကနေ အောက်တိုဘာ ၁ ရက်အတွင်းပြုလုပ်ခဲ့ပြီး ယူကရိန်းနယ်စပ်ကနေ မိုင် ၁၈၀ အကွာ ရုရှားအနောက်တောင်ပိုင်းရှိ ထောက်ပံ့ရေးဌာနသို့ ရေကြောင်း၊ ရထားတို့နဲ့ ပို့ဆောင်ခဲ့တယ်လို့ အမေရိကန်ကပြောဆိုပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ အလားအလာရှိတဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးဖို့ ရုရှားနိုင်ငံကို လွန်ခဲ့တဲ့လက သွားရောက်ခဲ့ပြီး သမ္မတပူတင်နဲ့ ဆွေးနွေးခဲ့ပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW