မော်လမြိုင် အ.ထ.က ၉ ကျောင်းဝန်းအတွင်း ဒုတိယအကြိမ်မီးလောင်မှုထပ်ဖြစ်ပြီး နှစ် ၁၀၀ ကျော် ရှေးဟောင်း ဦးသာညှင်းကျောင်းမီးလောင်ပျက်စီး

 

ရန်ကုန်၊အောက်တိုဘာ ၂၅၊၂၀၂၃

GG(VOM)

မော်လမြိုင်မြို့၊ ပန်ဘဲတန်းရပ်က အ.ထ.က (၉)ကျောင်း ဝန်းထဲမှာ ဒုတိယအကြိမ်မီးလောင်မှုထပ်မံဖြစ်ပွားပြီး နှစ်ပေါင်း ၁၁၀ သက်တမ်းရှိ ဦးသာညှင်းဓမ္မာရုံကျောင်းဆောင်နဲ့ စာကြည်တိုက် ကွန်ပျူတာအဆောင် မီးလောင်ကျွမ်းပျက်စီးခဲ့တယ်လို့သိရပါတယ်။

ဒီနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ မနက် ၃ နာရီ ၃၀ လောက်မှာ မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး level 2 အဆင့်သတ်မှတ်ကာ မီးငြှိမ်းခဲ့ရကြောင်း၊ မနက် ငါး နာရီကျော်မှ မီးငြှိမ်းခဲ့လို့ အချိန် နှစ် နာရီလောက် ငြိမ်းသတ်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

“ကျနော်တို့ရောက်တော့မီးကတော်တော်များနေပြီ၊အပေါ်ထပ်တစ်ဆောင်လုံးမီးကူးစက်မှုကကုန်သလောက်ဖြစ်သွားပြီ၊အဲ့ဒါကိုထိန်းနိုင်ဖို့မီးငြှိမ်းသတ်ဖို့ဆောင်ရွက်ကြတယ်ပထမအမျိုးသားကျောင်းပေါ့၊ဦးသာညှင်းအဆောင်ပေါ့၊multimedia room နှစ်ထပ်ဆောင်ပေါ့။

ဘာကြောင့်လောင်လဲတော့မသိရသေးဘူး။လက်ရှိ ကျောင်းသားတွေလည်းတက်နေတဲ့ကျောင်းပါ ” လို့ ဘိုဘိုဝင်းလူမှုကူညီရေးအသင်းက ကိုဘိုဘိုဝင်းကပြောပါတယ်။

လက်ရှိမှာ အဆိုပါ ရှေးဟောင်းကျောင်ဆောင်မီးလောင်ကျွမ်းပြီးပျက်စီးဆုံးရှုံးမှုတန်ဖိုးနဲ့ပတ်သက်လို့ မီးသတ်တပ်ဖွဲ့က သိန်း ၃၀ ကျော် ဆုံးရှုံး မှုရှိကြောင်း တွက်ချက်ထားတယ်လို့ကနဦးသတင်းအရသိရပါတယ်။

မီးစတင်လောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့သက်ဆိုင်ရာဌာနပေါင်းစုံ စုပေါင်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့ တုန်းကလည်း အဆိုပါ အမှတ်(၉) အခြေခံပညာအထက်တန်း ကျောင်းဝန်းထဲက ရှေးဟောင်းနှစ်ထပ်ကျောင်းဆောင်နဲ့ သုံးထပ်ကျောင်းဆောင် မီးလောင်ကျွမ်းပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW