ဆိုးလ် ၊အောက်တိုဘာ-၂၅-၂၀၂၃
မျိုးဆက်(VOM)
တောင်ကိုရီးယား ကေပေါ့ကြယ်ပွင့် Black Pink အဖွဲ့က အဆိုတော် ဂျီဆိုးဟာ ချစ်သူဖြစ်သူ သရုပ်ဆောင်မင်းသား အန်ဘိုဟွန်းနဲ့လမ်းခွဲလိုက်ပြီၤလို့ ထုတ်ဖော်ကြေညာလိုက်ပါတယ်။
ဂျီဆိုးနဲ့ အန်ဘိုဟွန်းတို့ ချစ်သူတွေအဖြစ် ချိန်းတွေ့နေကြကြောင်း ဂျီဆိုးရဲ့ မန်နေဂျာက ထုတ်ဖော်ပြောဆိုပြီးနောက် နှစ်လအကြာမှာ အခုလိုက် လမ်းခွဲလိုက်တာဖြစ်ပါတယ်။
နာမည်ကျော်ကေပေါ့အဖွဲ့ Black Pink အဖွဲ့က ကြယ်ပွင့်အဆိုတော်တွေဟာ သူတို့ရဲ့ဘဝနေထိုင်ဖြတ်သန်းမှုတွေကို ထုတ်ဖော်ပြောဆိုလေ့သိပ်မရှိတာကြောင့် ဂျီဆိုးရဲ့ ကြေညာချက်ဟာ ပရိတ်သတ်တွေအတွက် ဂယက်ရိုက်ခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ ကိုယ်စီအလုပ်တွေများနေတာကြောင့် ဆက်ဆံရေးကို အဆုံးသတ်လိုက်တာဖြစ်ကြောင်း ဂျေဘီတီစီ ရုပ်သံလိုင်းက ဖော်ပြထားပါတယ်။ နာမည်ကြီး ဒရာမာဇာတ်လမ်းတွဲဖြစ်တဲ့ Itaewon Class မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကိုရီးယားမော်ဒယ်နဲ့သရုပ်ဆောင်ဖြစ်သူ အန်ဘိုဟွန်းဟာ သူနဲ့ ဂျီဆိုးရဲ့ ပတ်သက်မှုကို သြဂုတ်လအတွင်းက ဝန်ခံခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ် ဂျီဆိုးဟာ ကမ္ဘာကျော် Black Pink အဖွ့ဲဝင် အမျိုးသမီးအဆိုတော်လေးဦးထဲက တဦးဖြစ်ပါတယ်။ အဖွဲ့ဟာ နိုင်ငံတကာမှာလည်း အောင်မြင်မှုများစွာရရှိနေပြီး ကယ်လီဖိုးနီးယားဂီတပွဲတော်မှာ အမ်တီဗီရုပ်ရှင်ဂီတဆုကို ပထမဆုံးရရှိခဲ့တဲ့ ပထမဆုံးအမျိုးသမီးကေပေါ့အဖွဲ့လည်းဖြစ်ပါတယ်။
Ref:BBC
Photo:Getty Images