ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ နှုတ်ထွက်ရေးဆန္ဒပြပွဲ လူနှစ်ယောက်သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရ

 

ဒါကာ၊ နိုဝင်ဘာ-၁-၂၀၂၃

မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အောက်တိုဘာ ၃၁ ရက်ကဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခတွေဖြစ်ပွားပြီး လူနှစ်ယောက်သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

ဇန်နဝါရီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြမှုတွေအတွင်း မြို့တော်ဒါကာမှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

သေဆုံးသူတွေဟာ အတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီမှဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။

သေဆုံးသူတွေဟာ ပါတီကစီစဉ်ထားတဲ့ သုံးရက်ကြာ ဆန္ဒပြပွဲပထမရက်မှာ ရဲတပ်ဖွဲ့က သေနတ်ဖြစ်ပစ်သတ်ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီမှ တာဝန်ရှိသူတွေကပြောပါတယ်။

ပဋိပက္ခတွေအတွင်း ရဲတပ်ဖွဲ့ဝင် ၁၅ ဦးအပါအဝင် လူ ၅၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာကြောင့် ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့ အတွက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

Ref:BBC

 

Related posts

Leave a Comment

VOM News

FREE
VIEW