တရားမဝင်ဒုက္ခသည်တွေကို စတင်နှင်ထုတ်မှုကြောင့် အာဖဂန်ဒုက္ခသည် တသိန်းခြောက်သောင်းကျော် ပါကစ္စတန်ကို စွန့်ခွာ

 

အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ-၂-၂၀၂၃

မျိုးဆက်(VOM)

ပါကစ္စတန်အစိုးရဟာ တရားမဝင်ရွှေ့ပြောင်းဒုက္ခသည်တွေကို ပြည်နှင်ဒဏ်ပေးရေးလုပ်ငန်းစဉ် စတင်နေပြီး အထောက်အထားမဲ့ ဒုက္ခသည်များကို နိုဝင်ဘာ ၂ ရက်ကစပြီး ထိန်းသိမ်းရေးစခန်းတွေကို စတင်လွှဲပြောင်းပေးနေပါတယ်။

အာဖဂန်မှာ တာလီဘန်တို့ အာဏာပြန်လည်ရရှိပြီးနောက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် အာဖဂန်ပြည်သူအများအပြားဟာ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံကို ထွက်ပြေးခဲ့ကြရပါတယ်။

မြို့တော်အစ္စလာမ္မာဘတ်ရှိ အာဖဂန်ဒုက္ခသည်တွေ နေထိုင်ရာနေရာအချို့ကို ပါကစ္စတန်အာဏာပိုင်တွေက ဖြိုချမှုတွေပြုလုပ်ခဲ့ပြီး ဒုက္ခသည်တွေအနေနဲ့ တရားမဝင်နေထိုင်ဖို့ ကြိုးစားတဲ့လုပ်ရပ်တွေကို အဆုံးသတ်ဖို့ လိုအပ်တယ်လို့ ု အာဏာပိုင်တွေကပြောပါတယ်။

အာဖဂန်ဒုက္ခသည်အများအပြားဟာ သူတို့ရဲ့ သဘောဆန္ဒအလျောက် နေရပ်ပြန်နေကြပြီး ကုန်တင်ကားတွေနဲ့အတူ နယ်စပ်လမ်းကြောင်းတလျှောက်မှာ တန်းစီနေကြပါတယ်။ လက်ရှိချိန်ထိ အာဖဂန်ဒုက္ခသည် တသိန်းခြောက်သောင်းကျော် နယ်စပ်ဖြတ်ကျော် ထွက်ခွာသွားပြီဖြစ်ကြောင်း ပါကစ္စတန်အစိုးရက ပြောပါတယ်။

ပါကစ္စတန်မှာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ အာဖဂန်နိုင်ငံသားတွေ ပါဝင်နေတယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက ယုံကြည်နေပါတယ်။ ပါကစ္စတန်မှာ အထောက်အထားမဲ့ အာဖဂန်ဒုက္ခသည် ၁ ဒသမ ၇ သန်းရှိကြောင်း ပါကစ္စတန်အစိုးရက ထုတ်ပြန်ထားပါတယ်။

Ref: NHK

Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW