တီဟီရန်၊ နိုဝင်ဘာ-၃-၂၀၂၃
မျိုးဆက်(VOM)
အီရန်နိုင်ငံမြောက်ပိုင်းရှိ မူးယစ်ဆေးဝါးသုံးစွဲသူူများအတွက် ပြန်လည်ထူထောင်ရေးစင်တာတခုမှာ နိုဝင်ဘာ ၃ ရက်ကဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် လူ ၃၂ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မီးလောင်မှုဟာ တီဟီရန်မြို့တော်မြောက်ဘက် ဂီလန်ပြည်နယ် ကက်စပီယန်ရှိ မြို့တမြို့မှာ သောကြာနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ ၁၆ ယောက်ကို ဆေးရုံပို့ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အီရန်ဟာ မူးယစ်ဆေးဝါး မှောင်ခိုသမားတွေနဲ့ ရောင်းဝယ်ဖောက်ကားသူတွေကို သေဒဏ်ပေးပေမယ့် မူးယစ်ဆေးဝါးသုံးစွဲသူတွေအတွက် ပြန်လည်ထူထောင်ရေးအစီအစဉ်တွေကိုတော့ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပေမယ့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့က တာဝန်ရှိသူတွေက ပြောပါတယ်။ အီရန်ဟာ ကမ္ဘာပေါ်မှာ လူတယောက်ချင်း ဘိန်းသုံးစွဲမှု အများဆုံးနိုင်ငံအဖြစ် ကုလသမဂ္ဂကခန့်မှန်းထားပြီး အာဖဂန်ကဘိန်းတွေ တင်ပို့မှုရဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိပါတယ်။
၂၀၂၀ ခုနှစ်အတွင်း အာဖဂန်ကတင်ပို့တဲ့ ဘိန်းဖြူနဲ့ အခြားမူးယစ်ဆေးတွေကို အီရန်မှာ ဖမ်းဆီးရမိမှုဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် ၄၇ ရာခိုင်နှုန်းထိရှိကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးက ထုတ်ပြန်ထားပါတယ်။
Ref:BBC
Photo: AFP