တီဟီရန်၊ နိုဝင်ဘာ-၇-၂၀၂၃
မျိုးဆက်(VOM)
အကျဉ်းချခံထားရတဲ့ အီရန်လူ့အခွင့်အရေးလှုပ်ရှားသူ နာဂျက်စ် မိုဟာမာဒီဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်ခံရပြီးနောက် တလအကြာမှာ အစာအငတ်ခံဆန္ဒပြမှု စတင်နေပြီဖြစ်ကြောင်း သူမရဲ့ မိသားစုကပြောပါတယ်။
အသက် ၅၁ နှစ်အရွယ် မိုဟာမာဒီဟာ သူနဲ့အခြားအကျဉ်းသားတွေကို ကျန်းမာရေးစောင့်ရှောက်မှု အီရန်အာဏာပိုင်တွေက ပိတ်ပင်ထားတာနဲ့ မဖြစ်မနေ ခေါင်းစည်းပုဝါဝတ်ဆင်ရမယ့် ဥပဒေကို ဆန့်ကျင်မှုအဖြစ် အစာအငတ်ခံဆန္ဒပြနေတာဖြစ်ပါတယ်။
မိုဟာမာဒီဟာ နှလုံးနဲ့အဆုတ်အခြေအနေတွေအတွက် ဆေးဝါးကုသမှုခံယူဖို့ လိုအပ်နေပေမယ့် အစိုးရရှေ့နေတွေက သူ့ကိုဆေးရုံတက်ကုသခွင့် ပိတ်ပင်ထားကြောင်း သိရပါတယ်။
သူမဟာ အကျဉ်းထောင်အတွင်းမှာ ဆံပင်ကို ဖုံးအုပ်ဖို့အတွက် ခေါင်းစည်းပုဝါဝတ်ဆငဖို့ ငြင်းဆန်ခဲ့တာကြောင့် သူ့ကို ဆေးဝါးကုသခွင့် ပိတ်ပင်ထားတာဖြစ်ကြောင်း သူ့ရဲ့မိသားစုက လွန်ခဲ့သည့်သီတင်းပတ်က ပြောပါတယ်။
အမျိုးသမီးအကျဉ်းသားတွေ ဆေးရုံတက်ဖို့အတွက် ဟီဂျပ်ဝတ်ဆင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ လူမဆန်သလို လက်ခံနိုင်ဖွယ်မရှိကြောင်းနဲ့ မစ္စမိုဟာမာဒီရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း နော်ေ၀ နိုဘယ်ဆုကော်မတီဥက္ကဌက ထုတ်ဖော်ပြောဆိုပါတယ်။
Ref:BBC
Photo:NIAC