တောင်ကိုရီးယားနိုင်ငံတဝန်းမှာ ကြမ်းပိုးကူးစက်ပျံ့နှံ့မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရ

 

ဆိုးလ်၊ နိုဝင်ဘာ-၇-၂၀၂၃

မျိုးဆက်(VOM)

တောင်ကိုရီးယားနိုင်ငံတဝန်းမှာ ကြမ်းပိုးတွေ ကူးစက်မှုအကြီးအကျယ်ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။

 

ကြမ်းပိုး ကူးစက်ပျံ့နှံ့မှုတွေဟာ မြို့တော်ဆိုးလ်၊ ဘူဆန်၊ အင်ချွန်းနဲ့ အခြားမြို့တွေမှာ နိုဝင်ဘာ ၅ ရက်ထိ နေရာ ၁၇ နေရာထက်မနည်းမှာ ဖြစ်ပွားနေကြောင်း တောင်ကိုရီးယားအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

 

နိုင်ငံအနောက်တောင်ပိုင်း ဒေဂူမြို့ရှိ တက္ကသိုလ်တစ်ခုမှာလည်း စက်တင်ဘာအစောပိုင်းကစပြီး ကြမ်းပိုးတွေ ကူးစက်ပျံ့နှံ့လာမှုကို ရင်ဆိုင်ခဲ့ရပါတယ်။ တောင်ကိုရီးယားပြည်သူအချို့ကတော့ ကြမ်းပိုးရန်ကြောက်လို့ ရုပ်ရှင်ရုံတွေနဲ့ အများသူငှာနေရာတွေကို ရှောင်ရှားလာကြပါတယ်။

 

အခုလိုမဖြစ်ပွားမီ ၁၉၆၀ ခုနှစ်တွေအတွင်း တနိုင်ငံလုံး ကြမ်းပိုးသုတ်သင်ရှင်းလင်းမှုအပြီး တောင်ကိုရီးယားမှာ ကြမ်းပိုးတွေကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ပြီလို့ ယူဆခဲ့ပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်၍ အာဏာပိုင်တွေဟာ ကြမ်းပိုးတုံ့ပြန်ရေးအဖွဲ့ဖွဲ့စည်းပြီး ဝမ်သန်း ၅၀၀ ရန်ပုံတွေနဲ့အတူ နှိမ်နှင်းဖို့ လုပ်ဆောင်နေကြပါတယ်။ တောင်ကိုရီးယားမတိုင်ခင်က ပြင်သစ်နဲ့ ဗြိတိန်တို့မှာလည်း ကြမ်းပိုးတွေ ကူးစက်ပျံ့နှံ့မှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါသေးတယ်။

 

Ref:BBC

Photo:Yonhap

Related posts

Leave a Comment

VOM News

FREE
VIEW