ကန့်ဘလူမြို့နယ်မှာ ပြည်သူ့စစ်တွေပါတဲ့ စစ်ကြောင်းအဖွဲ့ စောင့်ကြိုတိုက်ခိုက်ခံလို့ သေဆုံးသူများသလို လက်နက်ခဲယမ်းတွေဆုံး

    နိုဝင်ဘာ ၊ ၁၁ ၊ ၂၀၂၃ SP (VOM)     စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ချပ်သင်းဘေးမဲ့တောအနီး ချပ်ကုန်းကျေးရွာနဲ့ အလယ်ခုံ ကျေးရွာနဲ့ကြားလယ်ကွင်းပြင်မှာ မနေ့ နိုဝင်ဘာ ၁၀ ရက် ၊ မနက်ပိုင်း ၉ နာရီဝန်းကျင်က နယ်မြေလုံခြုံရေး အတွက် ရှေ့တန်းထွက်လာတဲ့စစ်ကြောင်းအဖွဲ့ စောင့်ကြိုတိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းတွေ အများအပြား ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” ကန့်ဘလူဘက်ကနေ ကောလင်းဘက်သွားတဲ့ စစ်ကြောင်းကို အလယ်ခုံရွာ အနောက်မြောက်ဘက် လယ်ကွင်းပြင်မှာ စောင့်ကြိုတိုက်ခံရတယ်လို့ ကြားရတယ် ၊ ထိခိုက်ကျဆုံးမှုရော လက်နက်ခဲယမ်းတွေပါသွားတာများတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ” ချပ်သင်း တိုက်နယ် ဒေသခံ တယောက်က ပြောပါတယ်။…

Read More

မြောက်ဥက္ကလာပမြို့နယ်က ရွှေဆိုင်ပိုင်ရှင်ကို သေနတ်နဲ့ပစ်ပြီး ဓားပြတိုက်သွားလို့ သိန်းတသောင်းကျော်ဖိုးပါသွား

  နိုဝင်ဘာ ၊ ၁၁ ၊ ၂၀၂၃ SP + SN (VOM)   ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာပမြို့နယ် ၊ အမှတ် ၁ ရပ်ကွက် ၊ သုမိတ္တာ ၂၂ လမ်း ၊ အမှတ် ၈၆၇ အိမ်ရှေ့နေရာမှာ မနေ့ နိုဝင်ဘာ၁၀ ရက် ၊ ညနေပိုင်းက စျေးသိမ်းပြန်လာတဲ့ ရွှေဆိုင်ပိုင်ရှင် တဦးကို သေနတ်နဲ့ ပစ်ခတ်ပြီး ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်လုယက်သွားတယ်လို့ မြောက်ဥက္ကလာပ ဒေသခံတွေဆီက သိရပါတယ်။   ” မနေ့က ညနေ ၆ နာရီဝန်းကျင်က ဖြစ်တာပါ ၊ ခန့်မြတ်ချယ် စိန်ရွှေရတနာ ရောင်းဝယ်ရေးပိုင်ရှင် မအေးသဇင်နွယ် ဆိုသူကဆိုင်သိမ်းပြီး နေအိမ်ကို ကားနဲ့ပြန်လာတယ် ၊ သူလည်း အိမ်ပြန်ရောက်လို့ ကားပေါ်ကနေ…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၁၀ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၅၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မက္ကဆီကိုမှာ ကွန်တိန်နာကားအတွင်း ပိတ်မိနေတဲ့ ဒုက္ခသည် ၁၂၀ ကျော်ကို ကယ်တင်

    မက္ကဆီကိုစီးတီး၊ နိုဝင်ဘာ-၁၀-၂၀၂၃ မျိုးဆက်(VOM) မက္ကဆီကိုနိုင်ငံအလယ်ပိုင်း ဆန်လူးဝစ်ပိုတိုဆီပြည်နယ်တွင် ကွန်တိန်နာကားအတွင်း ပိတ်မိနေတဲ့ အိမ်နီးချင်နိုင်ငံတွေက ရွှေ့ပြောင်းဒုက္ခသည် ၁၂၃ ဦးကို ကယ်တင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ သူတို့ကို မက္ကဆီကိုစီးတီးမြောက်ဘက် ၃၇၂ မိုင်အကွာမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အများစုကတော့ ဂွါတီမာလာ၊ နီကာရာဂွါနှင့် ဟွန်ဒူးရပ်စ်တို့မှဖြစ်ပြီး အချို့ကတော့ အယ်လ်ဆာဗေဒို၊ အီကွေဒေါနဲ့ ကျူးဘားတို့မှဖြစ်ပါတယ်။ သော့ခတ်ထားသော နောက်တွဲယာဉ်ထဲကနေ အော်ဟစ်သံတွေကို ဒေသခံတယောက်က ကြားခဲ့ပြီးနောက် အာဏာပိုင်တွေက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဒုက္ခသည်တွေထဲမှာ ကလေးငယ် ၃၄ ဦးပါဝင်ပါတယ်။ ရွှေ့ပြောင်းဒုက္ခသည်တွေ ဘယ်ကို ဦးတည်သွားရောက်မယ်ဆိုတာနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ဒုက္ခသညတွေဟာ အမေရိကန်ကို သွားရောက်ဖို့ ကြိုးပမ်းနေကြဖွယ်ရှိပါတယ်။ နောက်တွဲယာဉ်အတွင်းတွေ့ရှိရသူတွေဟာ လက်ရှိမှာ မက္ကဆီကိုတောင်ပိုင်းကနေ အမေရိကန်ကို သွားရောက်နေကြတဲ့ လူခုနှစ်ထောင်ကျော်ပါဝင်တဲ့ ယာဉ်တန်းကဟုတ်မဟုတ် ရှင်းလင်းစွာ မသိရသေးပါဘူး။ Ref:BBC

Read More

အရပ်သားတွေ ရှောင်တိမ်းနိုင်ရေး ဂါဇာမှာ နေ့စဉ်လေးနာရီကြာ အပစ်ရပ်ပေးဖို့ အစ္စရေး သဘောတူ

  တဲလ်အဗစ်၊ နိုဝင်ဘာ-၁၀-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ အရပ်သားတွေကို ဘေးလွတ်ရာရှောင်တိမ်းနိုင်ရေးအတွက် နေ့စဉ် လေးနာရီကြာ အပစ်ရပ်ပေးဖို့ကို အစ္စရေးက စတင်အကောင်အထည်ဖော်နေပြီလို့ အမေရိကန်က ပြောပါတယ်။ ဒါဟာမှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဂါဇာဒေသကို အကူအညီအထောက်အပံ့တွေရရှိနိုင်ရေးအတွက် ဆက်လက်ထောက်ခံသွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ အစ္စရေးစစ်တပ်ဟာ ဟာမတ်စ်တို့ဖမ်းဆီးထားတဲ့ ဓါးစာခံတွေ ပြန်မလွတ်မချင်း တိုက်ခိုက်မှုတွေကို ရပ်မှာမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုထားပါတယ်။ ဓါးစာခံတွေလွတ်မြောက်ရေးအတွက် အမေရိကန်နဲ့အစ္စရေး ထောက်လှမ်းရေးခေါင်းဆောင်တွေဟာ ကာတာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ ဟားမတ်စ်တို့ရဲ့ နိုင်ငံရေးရုံးဟာ ဒိုဟာမှာရှိနေပါတယ်။ ဟားမတ်စ်အဖွဲ့ထိပ်တန်းတာဝန်ရှိသူတွေဟာ လက်ရှိဂါဇာအခြေအနေတွေနဲ့ပတ်သက်ပြီး ကိုင်ရိုမှာ အီဂျစ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အစ္စရေးစစ်တပ်ဟာ မကြာသေးမီက ဂါဇာမြောက်ပိုင်းရှိ ဟားမတ်စ်တို့ရဲ့ ပစ်မှတ်တွေကို အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး ဂါဇာမြောက်ပိုင်းဟာ ဟားမတ်စ်တွေရဲ့ ထိန်းချုပ်မှုမရှိတော့ဘူးလို့ အခိုင်အမာပြောဆိုထားပါတယ်။ Ref:NHK Photo:Getty Images

Read More

တိုက်ပွဲတွေကြောင့် ညောင်ခါးရှည်စစ်ဆေးရေးဂိတ် ဖြတ်သန်းသွားလာခွင့်ကို နစက က ပြန်တင်းကျပ်နေ

  နိုဝင်ဘာ ၁၀ – ၂၀၂၃ SN (VOM) ပြည်တွင်းမှာ တိုက်ပွဲတွေပြင်းထန်လာပြီးနောက်ပိုင်း ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ပဲခူးတိုင်း၊ ဝေါမြို့နယ် စစ်တောင်းတံတားက ညောင်ခါးရှည် X Ray စစ်ဆေးရေးဂိတ် ဖြတ်သန်းသွားလာခွင့်ကို နစက က ပြန်လည်တင်းကျပ်နေတယ်လို့ ကုန်သည်တွေနဲ့ အဝေးပြေးယာဉ်မောင်းတွေဆီက သိရပါတယ်။ လက်ရှိမှာ နစက က လုံခြုံရေးအကြောင်းပြချက်နဲ့ X-Ray စစ်ဆေးရေးဂိတ်မှာ နိုဝင်ဘာ ၃ ရက်နေ့မှစတင်ကာ မော်တော်ယာဉ်တွေကို အချိန်ကြာမြင့်စွာ အသေးစိတ်စစ်ဆေးနေပြီး အဲ့ဒီ့လို စစ်ဆေးနေတာဟာ ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့အထိဆို တပတ်ခန့်ရှိနေပြီဖြစ်တဲ့အတွက် ကားအစီးရေ ထောင်နဲ့ချီ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “သူတို့ စစ်ဆေးနေတာက နိုဝင်ဘာ ၃ ရက်နေ့ကတည်းကပဲ။ တစီးချင်းစီကို အသေးစိတ် အချိန်အကြာကြီးစစ်နေတာ။ အရင်ကတော့ ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင် Express…

Read More

တိုက်ပွဲတွေကြောင့် တရုတ်ဘက်ခြမ်း ဝမ်တိန်နားက ဒေသခံတွေကို တိမ်းရှောင်ဖို့ တရုတ်အာဏာပိုင်တွေ ညွှန်ကြား

  နိုဝင်ဘာ ၁၀၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ် – မြန်မာနယ်စပ်၊ ပန်ဆိုင်း (ကြူကုတ်)မြို့ရဲ့ တဖက်ကမ်း တရုတ်ခြမ်း ဝမ်တိန်မြို့ အထက်က နယ်စပ်ရွာကို တရုတ်ဘက်က ရှောင်ခိုင်းနေကြောင်း ဝမ်တိန် ဒေသခံတွေဆီက သိရပါတယ်။ “အခြအနေ သိပ်မကောင်းဘူး။ လေယာဉ်တွေလည်း ဝဲတယ်။ တရုတ်ဘက်တောင် ဝမ်တိန် အထက်နားက ရွာကို ရှောင်ဖို့ ပြောနေတယ်။ ကျွန်မတို့နေတာက ဝမ်တိန် မြို့လယ်မှာ။ ဝမ်တိန်ဂိတ် အပေါ်ဘက်က ရွာ။ ငှက်ပျောတွေ စိုက်တဲ့ရွာဘက်။ အဲဘက်က ဒေသခံတွေကို ရှောင်ဖို့ အကြောင်းကြားနေပြီ။” လို့ ဝမ်တိန်ဒေသခံ တယောက်က ပြောပါတယ်။ မြန်မာဘက်ခြမ်း နယ်စပ်တကြော တိုက်ပွဲ ဖြစ်ပွားတဲ့အပြင် တရုတ်ဘက် ကျည်ကျဝာမျိုး ရှိတာကြောင့် တရုတ် အစိုးရဘက်က သူတို့…

Read More

တိုက်ပွဲတွေကြောင့် ညောင်ခါးရှည်စစ်ဆေးရေးဂိတ် ဖြတ်သန်းသွားလာခွင့်ကို နစက က ပြန်တင်းကျပ်နေ

နိုဝင်ဘာ ၁၀ – ၂၀၂၃ SN (VOM)     ပြည်တွင်းမှာ တိုက်ပွဲတွေပြင်းထန်လာပြီးနောက်ပိုင်း ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ပဲခူးတိုင်း၊ ဝေါမြို့နယ် စစ်တောင်းတံတားကညောင်ခါးရှည် X Ray စစ်ဆေးရေးဂိတ် ဖြတ်သန်းသွားလာခွင့်ကို နစက က ပြန်လည်တင်းကျပ်နေတယ်လို့ ကုန်သည်တွေနဲ့ အဝေးပြေးယာဉ်မောင်းတွေဆီက သိရပါတယ်။     လက်ရှိမှာ နစက က လုံခြုံရေးအကြောင်းပြချက်နဲ့ X-Ray စစ်ဆေးရေးဂိတ်မှာ နိုဝင်ဘာ ၃ ရက်နေ့မှစတင်ကာ မော်တော်ယာဉ်တွေကိုအချိန်ကြာမြင့်စွာ အသေးစိတ်စစ်ဆေးနေပြီး အဲ့ဒီ့လို စစ်ဆေးနေတာဟာ ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့အထိဆို တပတ်ခန့်ရှိနေပြီဖြစ်တဲ့အတွက် ကားအစီးရေ ထောင်နဲ့ချီ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။     “သူတို့ စစ်ဆေးနေတာက နိုဝင်ဘာ ၃ ရက်နေ့ကတည်းကပဲ။ တစီးချင်းစီကို အသေးစိတ် အချိန်အကြာကြီးစစ်နေတာ။ အရင်ကတော့ကုန်တင်ယာဉ်တွေနဲ့…

Read More

ရှမ်း (မြောက်) တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ခန့်မှန်းခြေအားဖြင့် ကျပ်သန်းပေါင်း သုံးသောင်းကျော် နစ်နာနေ

  နိုဝင်ဘာ ၁၀- ၂၀၂၃ SN (VOM) ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ၅၀ ရာခိုင်နှုန်း ရပ်တန့်သွားပြီး ခန့်မှန်းခြေအားဖြင့် ကျပ်သန်းပေါင်း သုံးသောင်းကျော်လောက် နစ်နာနေတယ်လို့ စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှစတင်ကာ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မန့်ဝိန်း၊ ကျင်စန်းကျော့၊ ချင်းရွှေဟော် စတဲ့ မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တွေမှာ ကုန်သွယ်မှု ရပ်တန့်နေခဲ့တာ ဖြစ်ပါတယ်။ “နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်က ၅၀ ရာခိုင်နှုန်း ရှိတာလေ။ ထိုင်းက ၃၀ ရာခိုင်နှုန်းနဲ့ ကျန်တဲ့ နယ်စပ်တွေက ၂၀ ရာခိုင်နှုန်းပဲရှိတာကိုး။ အဲ့တော့ ၅၀ ရာခိုင်နှုန်းရှိတဲ့ နယ်စပ်ကုန်သွယ်ရေးက…

Read More

This Day in History

  Voice of Myanamar လူသိများသော ကမ္ဘာကျော် အကြီးဆုံး အပြာရောင်စိန်များထဲမှတခုဖြစ်သည့် ဟုပ်စိန်ကို ပိုင်ရှင်ဖြစ်သူ နယူးယောက်ကုန်သည်တယောက်က ဝါရှင်တန်ဒီစီရှိ စမစ်ဆိုနီယံအင်စတီကျုသို့ ၁၉၅၈ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် လှူဒါန်းခဲ့သည်။

Read More
VOM News

FREE
VIEW