မက္ကဆီကိုမှာ ကွန်တိန်နာကားအတွင်း ပိတ်မိနေတဲ့ ဒုက္ခသည် ၁၂၀ ကျော်ကို ကယ်တင်

 

 

မက္ကဆီကိုစီးတီး၊ နိုဝင်ဘာ-၁၀-၂၀၂၃

မျိုးဆက်(VOM)

မက္ကဆီကိုနိုင်ငံအလယ်ပိုင်း ဆန်လူးဝစ်ပိုတိုဆီပြည်နယ်တွင် ကွန်တိန်နာကားအတွင်း ပိတ်မိနေတဲ့ အိမ်နီးချင်နိုင်ငံတွေက ရွှေ့ပြောင်းဒုက္ခသည် ၁၂၃ ဦးကို ကယ်တင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

သူတို့ကို မက္ကဆီကိုစီးတီးမြောက်ဘက် ၃၇၂ မိုင်အကွာမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အများစုကတော့ ဂွါတီမာလာ၊ နီကာရာဂွါနှင့် ဟွန်ဒူးရပ်စ်တို့မှဖြစ်ပြီး အချို့ကတော့ အယ်လ်ဆာဗေဒို၊ အီကွေဒေါနဲ့ ကျူးဘားတို့မှဖြစ်ပါတယ်။

သော့ခတ်ထားသော နောက်တွဲယာဉ်ထဲကနေ အော်ဟစ်သံတွေကို ဒေသခံတယောက်က ကြားခဲ့ပြီးနောက် အာဏာပိုင်တွေက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဒုက္ခသည်တွေထဲမှာ ကလေးငယ် ၃၄ ဦးပါဝင်ပါတယ်။

ရွှေ့ပြောင်းဒုက္ခသည်တွေ ဘယ်ကို ဦးတည်သွားရောက်မယ်ဆိုတာနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ဒုက္ခသညတွေဟာ အမေရိကန်ကို သွားရောက်ဖို့ ကြိုးပမ်းနေကြဖွယ်ရှိပါတယ်။

နောက်တွဲယာဉ်အတွင်းတွေ့ရှိရသူတွေဟာ လက်ရှိမှာ မက္ကဆီကိုတောင်ပိုင်းကနေ အမေရိကန်ကို သွားရောက်နေကြတဲ့ လူခုနှစ်ထောင်ကျော်ပါဝင်တဲ့ ယာဉ်တန်းကဟုတ်မဟုတ် ရှင်းလင်းစွာ မသိရသေးပါဘူး။

Ref:BBC

Related posts

Leave a Comment

VOM News

FREE
VIEW