အရပ်သားတွေ ရှောင်တိမ်းနိုင်ရေး ဂါဇာမှာ နေ့စဉ်လေးနာရီကြာ အပစ်ရပ်ပေးဖို့ အစ္စရေး သဘောတူ

 

တဲလ်အဗစ်၊ နိုဝင်ဘာ-၁၀-၂၀၂၃

မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသမှာ အရပ်သားတွေကို ဘေးလွတ်ရာရှောင်တိမ်းနိုင်ရေးအတွက် နေ့စဉ် လေးနာရီကြာ အပစ်ရပ်ပေးဖို့ကို အစ္စရေးက စတင်အကောင်အထည်ဖော်နေပြီလို့ အမေရိကန်က ပြောပါတယ်။

ဒါဟာမှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဂါဇာဒေသကို အကူအညီအထောက်အပံ့တွေရရှိနိုင်ရေးအတွက် ဆက်လက်ထောက်ခံသွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

အစ္စရေးစစ်တပ်ဟာ ဟာမတ်စ်တို့ဖမ်းဆီးထားတဲ့ ဓါးစာခံတွေ ပြန်မလွတ်မချင်း တိုက်ခိုက်မှုတွေကို ရပ်မှာမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုထားပါတယ်။ ဓါးစာခံတွေလွတ်မြောက်ရေးအတွက် အမေရိကန်နဲ့အစ္စရေး ထောက်လှမ်းရေးခေါင်းဆောင်တွေဟာ ကာတာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

ဟားမတ်စ်တို့ရဲ့ နိုင်ငံရေးရုံးဟာ ဒိုဟာမှာရှိနေပါတယ်။ ဟားမတ်စ်အဖွဲ့ထိပ်တန်းတာဝန်ရှိသူတွေဟာ လက်ရှိဂါဇာအခြေအနေတွေနဲ့ပတ်သက်ပြီး ကိုင်ရိုမှာ အီဂျစ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အစ္စရေးစစ်တပ်ဟာ မကြာသေးမီက ဂါဇာမြောက်ပိုင်းရှိ ဟားမတ်စ်တို့ရဲ့ ပစ်မှတ်တွေကို အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး ဂါဇာမြောက်ပိုင်းဟာ ဟားမတ်စ်တွေရဲ့ ထိန်းချုပ်မှုမရှိတော့ဘူးလို့ အခိုင်အမာပြောဆိုထားပါတယ်။

Ref:NHK

Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW