ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့ အမေရိကန်မှာ ထိပ်သီးဆွေးနွေးမယ်

 

ဝါရှင်တန်၊ နိုဝင်ဘာ-၁၁-၂၀၂၃

မျိုးဆက်(VOM)

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ လာမယ့်သီတင်းပတ်အတွင်း အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမှာ ထိပ်သီးဆွေးနွေးကြမယ်လို့ အမေရိကန်တာဝန်ရှိသူနှစ်ဦးက အတည်ပြုပြောဆိုပါတယ်။

နိုဝင်ဘာ ၁၅ ရက်မှာပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲဟာ ဂျိုးဘိုင်ဒင်ရဲ့ သမ္မတသက်တမ်းအတွင်း ရှီကျင်းပငနဲ့ ဒုတိယအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုလည်းဖြစ်ပါတယ်။

ထိပ်သီးဆွေးနွေးပွဲမှာ အစ္စရေး-ဟားမတ်စ်စစ်ပွဲ၊ ထိုင်ဝမ်အရေး၊ ယူကရိန်းစစ်ပွဲနဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်စွက်ဖက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်-တရုတ်ဆက်ဆံရေးမှာ မဟာဗျူဟာဦးတည်ချက်နဲ့ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်ရေးတို့ကိုလည်း ဆွေးနွေးသွားဖွယ်ရှိကြောင်း တာဝန်ရှိသူတွေကဆိုပါတယ်။

သမ္မတနှစ်ဦးရဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် နှစ်နိုင်ငံတာဝန်ရှိသူတွေ ဆွေးနွေးလျှက်ရှိပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာလည်း ထိပ်သီးဆွေးနွေးပွဲအတွက် အောက်တိုဘာနှောင်းပိုင်းမှာ အမေရိကန်ကို သွားရောက်ခဲ့ပါတယ်။

Ref:BBC

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW