ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်တပ်အကြား တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေ

 

ရန်ကုန်၊နိုဝင်ဘာ ၁၃ – ၂၀၂၃

GG(VOM)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ ဒီကနေနိုဝင်ဘာ ၁၃ ရက်မနက်အစောပိုင်းကစပြီး ရက္ခိုင့်တပ်တော် AA နဲ့ စစ်တပ်အကြား တိုက်ပွဲတွေပြန်လည် စတင်ဖြစ်နေတယ်လို့်သိရပါတယ်။

ဒါ့ကြောင့် လက်ရှိမှာ ရခိုင်ပြည်နယ်ကို ကုန်းလမ်းကြောင်း ရေလမ်းကြောင်းကပါ အဝင်အထွက်ပိတ်လိုက်ပြီဖြစ်သလို နှစ်ဖက်တိုက်ပွဲကြားမှာ ထိခိုက်ဒဏ်ရာရ ဒေသခံတွေနဲ့သေဆုံးသူတွေလည်းရှိနေတယ်လို့သိရပါတယ်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘေးလွတ်ရာကိုအရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံအများအပြားလည်း ရှိနေတယ်လို့သိရပါတယ်။

” ခုဖြစ်နေတာ ရသေ့တောင်ဘက်ကရွာတွေမှာပါ၊မောင်တောနဲ့ ရသေ့တောက်ကြားက မောကိတောလမ်းမပေါ်မှာဖြစ်နေတာပေါ့။ ခုမနက်အစောပိုင်းထဲကဖြစ်နေတာ ။ မောင်တောဘက်ကတော့အခုထိ သိပ်မထူးခြားပေမယ့် မြို့အဝင်အထွက်ပိတ်ထားတယ်၊နောက်ပြီး ရဲစခနိးတွေနဲ့သူတို့ဂိတ်စခန်းတွေရှိတဲ့ဘက်ကို သွားလို့မရတော့ ပိတ်ထားတယ် “လို့ မောင်တောဒေသခံတစ်ဦးကအခြေအနေကိုပြောပြပါတယ်။

ဒီနေ့နိုဝင်ဘာလ ၁၃ရက်နေ့ မနက်အစော ၅ နာရီလောက်မှာ ရသေ့တောက်မြို့နယ်မှာရှိတဲ့ ဒုံးပိုက် နယ်ခြားစောင့်စခန်းနဲ့ ချိန်ခါလီ နယ်ခြားစောင့် စခန်းကို ရက္ခိုင့်တပ်တော် AA က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ပြောခွင့်ရ ဦးခိုင်သုခကလည်း ဒီနေ့မနက်ပိုင်း ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စခန်းတချို့သိမ်းပိုက်ရရှိထားသလိုအရာရှိတချို့ကိုလည်း ဖမ်းဆီးရမိထားကြောင်း ရခိုင်ဒေသတွင်းသတင်းဌာနကို ပြောဆိုထားတာတွေ့ရပါတယ်။

အလားတူမင်းပြားမြို့နယ် ဖားပြို(အောက်)ရွာအနီး ရှိ ပြည်ထောင်စုကားလမ်းမကြီးမှာ သွားနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ကားတန်းကို ရက္ခိုင့်တပ်တော် AAက ပစ်ခတ် တိုက်ခိုက်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ကနဦးသတငိးတွေအရသိရပါတယ်။

နောက်ပြီးမင်းပြားမြို့နယ် မေလွမ်းရွာနဲ့ ကြက်ယက်‌ကျေးနားမှာလည်း စစ်တပ်နဲ့ AA တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်။

လက်ရှိမှာ တိုက်ပွဲ ဖြစ်ပွားရာ ရသေ့တောင်၊မင်းပြား မြို့နယ်တွေမှာ ကျောင်းတွေ အကုန်ပိတ်ထားပြီး အသွားအလာအကုန်ပိတ်မထားသလို နီးစပ်ရာမြို့တွေမှာလည်း မြို့ဝက်အထွက်ပိတ်တာ ကျောင်းတွေ ပိတ်ထားတယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲ တွေပြန်လည်ဖြစ်ပွားနေတဲ့အခြေအနေနဲ်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူဦးလှသိန်းကိုဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

Related posts

Leave a Comment

VOM News

FREE
VIEW