ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး နီးကပ်လာပြီလို့ ဟားမတ်စ်ခေါင်ဆောင်ပြော

 

 

ဂါဇာစီးတီး၊ နိုဝင်ဘာ-၂၁-၂၀၂၃

မျိုးဆက်(VOM)

ဟားမတ်စ်နဲ့ အစ္စရေးတို့အကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ နီးကပ်လာပြီလို့ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယက်ချ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သဘောတူညီချက်အရ အစ္စရေးဓါးစာခံတွေကို ဟားမတ်စ်က ပြန်လွှတ်ပေးမှာဖြစ်သလို့ အပြန်အလှန်အားဖြင့် အစ္စရေးကလည်း အကျဉ်းချထားတဲ့ ပါလက်စတိုင်းတွေကို ပြန်လွှတ်ပေးရမယ်လို့ အေအက်ဖ်ပီနဲ့ အယ်လ်ဂျားဇီးယား သတင်းဌာနတို့ကဖော်ပြထားပါတယ်။

ဂါဇာကမ်းမြှောင်ဒေသက ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ဟားမတ်စ်တို့ပါဝင်တဲ့ သဘောတူညီချက်တရပ် မကြာခင်ရရှိနိုင်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

ယခင် သဘောတူညီချက်တွေကို လွယ်ကူချောမွေ့အောင် ဆောင်ရွက်ကူညီပေးခဲ့တဲ့ နိုင်ငံတကာကြက်ခြေနီကော်မတီ အကြီးအကဲဟာလည်း ဟားမတ်စ်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ကာတာနိုင်ငံကို သွားရောက်နေပြီဖြစ်တာကြောင့် ဂါဇာစစ်ပွဲအဆုံးသတ်ဖို့ မျှော်လင့်ချက်တွေ မြင့်တက်နေပါတယ်။

ဒီအတောအတွင်း ဂါဇာရှိ နောက်ထပ်ဆေးရုံတရုံနားမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်နေပြီး ဆေးရုံထဲမှာ လူ ၅၀၀ လောက်ခိုလှုံနေဆဲဖြစ်ပါတယ်။ အစ္စရေး-ဟားမတ်စ်ပဋိပက္ခအတွင်း အစ္စရေးမှာ လူ ၁၂၀၀ ကျော်သေဆုံးပြီး ဂါဇာမှာတော့ ၁၃၀၀၀ ကျော်သေဆုံးခဲ့ပြီဖြစ်ပါတယ်။

Ref:BBC

Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW