တီးတိန်မြို့နယ်ထဲက ၊ ကနေဒီတောင်ပေါ်စခန်း တိုက်ခိုက်ခံရ ၊ ငါးဦးသေဆုံး ၊ လက်နက်ခဲယမ်းတွေပါသွား

 

 

နိုဝင်ဘာ ၊ ၂၁ ၊ ၂၀၂၃

SP ( VOM)

 

 

ချင်းပြည်နယ် မြောက်ပိုင်း ၊ ဖလမ်းခရိုင် ၊ တီးတိန်မြို့နယ် ၊ ကနေဒီတောင်ပေါ်မှာရှိတဲ့ ရှေ့တန်းကာကင်းစခန်းကို ဒီကနေ့ နိုဝင်ဘာ ၂၁မနက်ပိုင်း ၆ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ဒေသခံတွေဆီက သိရပါတယ်။

 

 

အဲ့ဒီ တိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သက်လို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ထားတာက “ကနေဒီတောင် တပ်စခန်းကို ဒီမနက် ၆ နာရီက တိုက်ခိုက်ခဲ့တယ် ၊ အဲ့ဒီတိုက်ပွဲမှာ အလောင်း ငါးလောင်းနဲ့ အရှင်ဖမ်းမိထားတာတွေရှိတယ် ၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ် ၊ အဲ့ဒီအပြင် တချို့လည်း ထွက်ပြေးတိမ်းရှောင်လို့ လိုက်လံရှင်းလင်းနေတယ်လို့ ဖော်ပြထားတာကိုတွေ့ရပါတယ်။

 

တီးတိန်မြို့ခံတယောက်ကိုမေးကြည့်တော့

” ကနေဒီတောင်ဆိုတာ တီးတိန်မြို့ကနေ လှမ်းပြီးမြင်နေရတယ် ၊ တောင်ထိပ်မှာ တပ်စခန်းရှိတယ် ၊ ညပိုင်းဆိုရင် ပစ်ခတ်သံတွေကြားရတယ် မနက်အစောကတော့ ကားသံတွေနဲ့မို့ သတိမထားလိုက်မိဘူး” လို့ ပြောပါတယ်။

 

ကနေဒီတောင် ထိတွေ့တိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သက်လို့ ချင်းပြည်နယ် လုံခြုံရေးအဖွဲ့ဆီး VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက် ၊ မနက်ပိုင်း ၅ နာရီဝန်းကျင်က ချင်းပြည်နယ် မြောက်ပိုင်း ၊ ဖလမ်းမြို့နယ် ၊ သီဘွားလ် (Tuibial) ကျေးရွာမှာရှိတဲ့ နစက ရှေ့တန်း စစ်ခန်းတခုကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၉ ဦးဟာ စခန်းကို ဆုတ်ခွာပေးလိုက်ရပြီး ၊ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်ထဲကို ဝင်ရောက်လာတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ ရိခေါဒါရ်မြို့နယ် ၊ မြန်မာ – အိန္ဒိယ နယ်စပ်မှာရှိတဲ့ ရိဒ်ခေါဒါရ်စခန်းနဲ့ တီအိုချောင်း (Khua Mawi) စခန်း နှစ်ခု ကို ချင်းပြည်နယ် ၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် နစက လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀ ကျော်ဟာ စခန်းစွန့်ခွာပြီး အိန္ဒိယနိုင်ငံဘက် ဝင်ရောက်ခိုလှုံခဲ့ပါသေးတယ်။

 

အဲ့လို ဝင်ရောက်တဲ့ မြန်မာတပ်ဖွဲ့ဝင်တွေကို အိန္ဒိယ ဗဟို အစိုးရအဖွဲ့က ရဟတ်ယာဥ်နဲ့ မြန်မာနိုင်ငံဘက်ကို ပြန်လည် ပို့ဆောင်တယ်လို့ သိရပါတယ်။

 

ဒီရက်ပိုင်းအတွင်း ဖလမ်းခရိုင်ထဲမှာ ရှေ့တန်းကာကင်းစခန်း သုံးခုထက်မနည်း တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

 

#VOM #voiceofmyanmar #တီးတိန် #ဖလမ်း #ကနေဒီစခန်း

 

Related posts

Leave a Comment

VOM News

FREE
VIEW