မြောက်ကိုရီးယားရဲ့ စစ်ထောက်လှမ်းရေးဂြိုဟ်တု ရက်ပိုင်းအတွင်း လွှတ်တင်တော့မယ်

 

 

တိုကျို၊ နိုဝင်ဘာ-၂၁-၂၀၂၃

မျိုးဆက်(VOM)

 

မြောက်ကိုရီးယားဟာ နိုဝင်ဘာ ၂၂ ရက်ကနေ ၃၀ ရက်အတွင်း သူ့ရဲ့စစ်ထောက်လှမ်းရေး ဂြိုဟ်တုလွှတ်တင်ဖို့ အစီအစဉ်ရှိကြောင်း ဂျပန်နိုင်ငံကိုအကြောင်းကြားခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က နိုဝင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။

 

မြောက်ကိုရီးယားရဲ့ အနောက်တောင်ဘက်နဲ့ ဖိလစ်ပိုင်အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာအတွင်း ဂြိုဟ်တုလွှတ်တင်တဲ့ ဒုံးပျံရဲ့ အပျက်အစီးတွေကျရောက်နိုင်မယ့်နေနရာတွေကို သတိပေးဖော်ပြထားပါတယ်။

 

အရာဝတ္ထုတွေ ကျရောက်လာနိုင်ခြေနဲ့ပတ်သက်ပြီး ရေယာဉ်တွေကို ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့ကသတိပေးချက်ထုတ်ပြန်ထားပါတယ်။အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ရဲ့ လမ်းညွှန်ချက်အရ အဖွဲ့ဝင်နိုင်ငံတွေဟာ ရေယာဉ်တွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ စစ်ရေးလေ့ကျင့်မှုနဲ့အခြားသောလုပ်ဆောင်မှုတွေ အတွက် ကြိုတင်အကြောင်းကြားရဖို့ သတ်မှတ်ထားပါတယ်။

 

မြောက်ကိုရီးယားဟာ မေလနဲ့ သြဂုတ်လတွေအတွင်း စစ်ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်ဖို့ နှစ်ကြိမ်တိုင် ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်းမရှိပါဘူး။ အောက်တိုဘာလအတွင်း တတိယအကြိမ် လွှတ်တင်မှုပြုမယ်လို့ ထုတ်ပြန်ထားပါတယ်။

 

မြောက်ကိုရီးယားဟာ မကြာသေးမီကလည်း ဒုံးကျည်တွေပစ်ခတ်ရာမှာ အသုံးပြုဖို့ လောင်စာခဲသုံး ဒုံးပျံအင်ဂျင်သစ် မြေပြင်စမ်းသပ်မှုကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

 

Ref:NHK

Photo:ANI

#voiceofmyanmar #VOM #မြောက်ကိုရီးယား #ထောက်လှမ်းရေးဂြိုဟ်တု

 

Related posts

Leave a Comment

VOM News

FREE
VIEW