အစ္စရေးနဲ့ဟားမတ်စ်တို့ လေးရက်ကြာ အပစ်အခတ်ရပ်ဖို့နဲ့ ဓါးစာခံ ၅၀ ပြန်လွှတ်ပေးဖို့ သဘောတူပြီ

 

တဲလ်အဗစ်၊ နိုဝင်ဘာ-၂၂-၂၀၂၃

မျိုးဆက်(VOM)

အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ လေးရက်ကြာ အပစ်အခတ်ရပ်စဲဖို့နဲ့ ဒီအတောအတွင်း ဂါဇာမှာ ဖမ်းထားတဲ့ ဓါးစာခံ အယောက် ၅၀ ကို ပြန်လွှတ်ပေးဖို့ နိုဝင်ဘာ ၂၂ ရက် ဒီနေ့မှာ သဘောတူခဲ့ကြပါတယ်။

တကယ်လို့ အပစ်အခတ်ရပ်စဲရေးအောင်မြင်ခဲ့တယ်ဆိုရင် ပြီးခဲ့တဲ့ သီတင်းခြောက်ပတ်ခန့်က တိုက်ပွဲတွေစတင်ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် အပစ်အခတ်ရပ်စဲခြင်းလည်းဖြစ်ပါတယ်။

သဘောတူညီချက်အရ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ၊ ဆေးဘက်ဆိုင်ရာနဲ့ လောင်စာဆီကားတွေနဲ့ ရာနဲ့ချီတဲ့ ကုန်တင်ကားတွေကို ဂါဇာကမ်းမြှောင်ဒေသနေရာအားလုံးကို ဝင်ရောက်ခွင့်ရတော့မှာလို့ ဟားမတ်စ်အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် အစ္စရေးဟာ ပါလက်စတိုင်းအမျိုးသမီးနဲ့ ကလေးငယ် ၁၅၀ ကိုအစ္စရေး အကျဉ်းထောင်တွေကနေ ပြန်လွှတ်ပေးဖို့လည်း သဘောတူညီချက်မှာ ပါဝင်ပါတယ်။

အစ္စရေးအစိုးရကတော့ ဒါဟာ စစ်ပွဲအဆုံးသတ်လိုက်တာမဟုတ်ဘဲ ဟားမတ်စ်တွေကို အဆုံးတိုင်ချေမှုန်းသုတ်သင်သွားမယ်လို့ အခိုင်အမာပြောဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁၂၀၀ ကျော်သေဆုံးခဲ့ပြီးနောက် ဂါဇာကို အစ္စရေးရဲ့ တန်ပြန်တိုက်ခိုက်မှုအတွင်း ကလေးငယ် ၅၀၀၀ ကျော်အပါအဝင် လူ ၁၄၀၀၀ ကျော်သေဆုံးခဲ့ကြောင်း ဂါဇာတာဝန်ရှိသူတွေက ပြောပါတယ်။

Ref:BBC

Photo:AFP/AP

 

 

 

 

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW