းလင်းနယ် ရေမျက်နီ စခန်းတိုက်ခိုက်ခံရ ထိခိုက်သေဆုံးသူ များပြား

 

ဒီဇင်ဘာ ၊ ၅ ၊ ၂၀၂၃

SP ( VOM)

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ် ၊ ရေမျက်နီ စံပြကျေးရွာ ၊ မုံရွာ – ဂန့်ဂေါ ကားလမ်းမှာရှိတဲ့ ရေမျက်နီစခန်းကို မနေ့ ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းက ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး အဲ့ဒီ တိုက်ပွဲမှာ ထိထိုက်သေဆုံးသူ များပြားတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ရေမျက်နီစခန်းဆိုတာ မုံရွာ – ဂန့်ဂေါ – ဟားခါး ကားလမ်းဘေးမှာရှိတယ် ၊ ရေမျက်နီရွာအဝင် ဘုရားတောင် နားက ကုန်းပေါ်မှာ ရှိတယ် ၊ အဲ့ဒီ စခန်းကုန်းကို မနေ့က မနက်ပိုင်းကတည်းက စတင်တိုက်ခိုက်ခံရတာဖြစ်တယ် ၊ အဲ့ဒီ စခန်းကို လွန်လဲ့တဲ့ တလလောက်က စလို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝိုင်းပတ် ပိတ်ဆို့ထားတယ် ၊ မနေ့ကတော့ တိုက်ပွဲဖြစ်တယ် ၊ စခန်းတော့ အခုထိ ကျမသွားဘူး ၊ ဒါပေမယ့် နှစ်ဘက် ထိခိုက်သေဆုံးသူ လူ ၂၀ ကျော်လောက်ရှိမယ် ” လို့ ရေမျက်နီရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီ ရေမျက်နီ စခန်းတိုက်ပွဲနဲ့ ပတ်သက်ပြီး ဂန့်ဂေါခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ရေမျက်နီမှာ မနေ့က ထိတွေ့မှုဖြစ်တယ် ၊ ထိခိုက်သေဆုံးတာတွေရှိတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ရေမျက်နီ တိုက်ပွဲကြောင့် မနေ့က ဟားခါး ၊ ဂန့်ဂေါ ၊ ပုလဲ ၊ မုံရွာ ကားလမ်းပိတ်ထားခဲ့ရပြီး ဂန့်ဂေါမြို့နယ် မဲရွာနဲ့ ကျောမြို့နယ်ခွဲဘက်တွေမှာ ကားတွေ ရာနဲ့ချီပြီး ပိတ်မိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ တုန်းက ထီးလင်းမြို့နယ် ၊ ကျင်းကျေးရွာမှာရှိတဲ့ ကျင်းနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး ရဲစခန်းမှူး ရဲအုပ် အောင်ကျော်စိန် အပါအဝင် ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးပြီး အဲ့ဒီ ရဲစခန်းကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW