မြောက်ကိုရီးယားအမျိုးသမီးတွေ ကလေးများများမွေးကြဖို့ ကင်ဂျုံအန်တိုက်တွန်း

 

ပြုံးယမ်း၊ ဒီဇင်ဘာ-၆-၂၀၂၃

မျိုးဆက်(VOM)

မြောက်ကိုရီးယား အမျိုးသမီးတွေအနေနဲ့ ကလေးများများမွေးကြဖို့ ခေါင်းဆောင်ကင်ဂျုံအန်က နိုင်ငံလုံးဆိုင်ရာ မိခင်များတွေ့ဆုံပွဲမှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံလုံးဆိုင်ရာ မိခင်များရဲ့ တွေ့ဆုံမှုကို ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နှစ်ရက်တိုင်ကျင်းပခဲ့ပြီး မိခင်တွေအနေနဲ့ ကလေးများများမွေးဖွားပြီး ပြုစုပျိုးထောင်ခြင်းဟာ မျိုးချစ်စိတ်ဖြစ်တယ်လို့ ကင်ဂျုံအန်ကပြောပါတယ်။

မြောက်ကိုရီးယား၏ ကလေးမွေးဖွားမှုနှုန်းသည် အမျိုးသမီးတယောက်ကို ၁ ဒသမ ၇၉ ရာခိုင်နှုန်းသာရှိပြီး ဒီအရေအတွက်ဟာ မြောက်ကိုရီးယားနည်းတူ ဝင်ငွေအဆင့်ရှိ နိုင်ငံတွေထက် များစွာနိမ့်ကျနေတယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံမှာ ကလေးမွေးဖွားနှုန်းကျဆင်းနေတဲ့အပေါ် စိုးရိမ်ပူပန်နေကြောင်း တောင်ကိုရီးယားအခြေစိုက် သတင်းဌာနတွေက ရေးသားဖော်ပြထားပါတယ်။

နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြောက်ကိုရီးယားဟာ မကြာသေးမီက သူ့ရဲ့ ပထမဆုံး စစ်ထောက်လှမ်းရေးဂြိုဟ်တုကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါတယ်။

ဒါဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာလို့ နိုင်ငံတကာက ဝေဖန်မှုတွေရှိနေပါတယ်။ ယခုနှစ်အတွင်းမှာလည်း မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်ပစ်ခတ်မှုတွေကို စံချိန်တင်ပြုလုပ်ခဲ့ပါသေးတယ်။

Ref:NHK

Photo:AP

 

Related posts

Leave a Comment

VOM News

FREE
VIEW