ဖိလစ်ပိုင်မှာ ဘတ်စ်ကားဘရိတ်ပေါက်ပြီး ချောက်ထဲကျလို့ လူ ၁၆ ယောက်သေဆုံး

 

မနီလာ၊ ဒီဇင်ဘာ-၆-၂၀၂၃

မျိုးဆက်(VOM)

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း အန်းတိတ်ဒေသမှာ ဘတ်စ်ကားတစင်း ဘရိတ်ပေါက်ပြီး ချောက်ထဲတိမ်းမှောက်မှုကြောင့် လူ ၁၆ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေထဲက ရှစ်ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေရှိပြီး ကျန်လေးယောက်ကတော့ ဆေးရုံမှာ အခြေအနေတည်ငြိမ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဟိုဒိုရာကာဒီအိုက ပြောပါတယ်။

အီလီလိုပြည်နယ်ကနေ ထွက်ခွာလာတဲ့ အဲဒီဘတ်စ်ကားဟာ ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းက အန်းတိတ်ပြည်နယ် ကူလာစီမြို့ကိုသွားရာလမ်းမှာ ဘရိတ်ချို့ယွင်းပြီး မီတာ ၃၀ အနက်ရှိ ချောက်ထဲကို ထိုးကျတိမ်းမှောက်သွားတာလို့ သူကပြောပါတယ်။

ဘတ်စ်ကားမတော်တဆဖြစ်စဉ်ကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာ ၆ ရက်နံနက်ပိုင်းထိ ရှာဖွေသယ်ထုတ်နေခဲ့ရပြီး ဘတ်စ်ကားပေါ်မှာ ခရီးသည် ၅၃ ယောက်လိုက်ပါလာခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဘတ်စ်ကားမတော်တဆဖြစ်တဲ့နေရာကို သေမင်းတမန်လမ်းကွေ့လို့ ဒေသခံတွေက ခေါ်ဆိုကြပြီး ယခင်ကလည်း ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ဖူးပါတယ်။ ဒီနေရာမှာ မကြာခဏဆိုသလို လူသေဆုံးစေတဲ့ မတော်မဆမှုတွေကြောင့် အဲဒီလမ်းပိုင်းကို စွန့်ပစ်ပြီး အခြားလမ်းတခု ပြုလုပ်ဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

Ref:CNA

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW