ဝါရှင်တန်၊ ဒီဇင်ဘာ-၇-၂၀၂၃
မျိုးဆက်(VOM)
ဂျပန်ကမ်းလွန်မှာ အမှုထမ်းရှစ်ဦးသေဆုံးခဲ့တဲ့ လေယာဉ်ပျက်ကျမှုဖြစ်ပွားပြီးနောက် အမေရိကန်စစ်တပ်ဟာ ပျက်ကျခဲ့တဲ့ ဗွီ-၂၂ အော်စပရေးအမျိုးအစား လေယာဉ်တွေ အသုံးပြုတာကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။
လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာ ရေတပ်နဲ့လေတပ်မှာ ဘေးကင်းရေးအတွက် အဲဒီလေယာဉ်အမျိုးအစားတွေ အသုံးပြုတာကို ရပ်ဆိုင်းလိုက်တာလို့ တာဝန်ရှိသူတွေက ပြောဆိုထားပြီး အချိန်ကာလကိုတော့ ထုတ်ပြန်တာမရှိပါဘူး။
ဂျပန်နိုင်ငံဟာ အမေရိကန်ရဲ့ ဗွီ-၂၂ အော်စပရေးအမျိုးအစားလေယာဉ်တွေကို အသုံးပြုနေတဲ့ တခုတည်းသောနိုင်ငံဖြစ်ပြီး ပျက်ကျမှုြ့ဖစ်ပွားပြီးနောက် သူ့ရဲ့ လေယာဉ် ၁၄ စင်းကိုလည်း ရပ်နားထားပါတယ်။
အမေရိကန်စစ်တပ်ရဲ့ ဗွီ-၂၂ အော်စပရေးအမျိုးအစားလေယာဉ်ဟာ ယာမာဂူချီစီရင်စုကနေ အိုကီနာဝါရှိ ကာဒီနာအခြေစိုက်စခန်းကို လေ့ကျင့်ပျံသန်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး လိုက်ပါသွားသူရှစ်ယောက်အနက် ခြောက်ယောက်ရဲ့ ရုပ်အလောင်းတွေကိုသာ တွေ့ရှိထားပါတယ်။
လေယာဉ်ဟာ ဂျပန်ကမ်းလွန်မှာ ပျက်မကျမီ မီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်း မျက်မြင်သက်သေတွေကို ကိုးကားပြီး ဂျပန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
Ref:BBC
Photo:US Navy