စက်သုံးဆီ မှောင်ခိုစျေး တလီတာကို ငွေကျပ် ခုနှစ်ထောင်ထိ ပေးဝယ်နေရလို့ အငှားကားတချို့ရပ်နား

 

ဒီဇင်ဘာ ၈၊၂၀၂၃

TT(VOM)

စက်သုံးဆီရဖို့ ညအိပ်တန်းစီစောင့်ဆိုင်း ဝယ်ယူနေကြရပေမယ့် ဝယ်ယူရခက်ခဲနေပြီး မှောင်ခိုစျေး ဓာတ်ဆီ ၁ လီတာကို ငွေကျပ်

ငါးထောင်ကျော် ကနေ ခုနှစ်ထောင် အထိပေးဝယ်နေရတယ်လို့ ကားပိုင်ရှင်အများစုရဲ့ ပြောကြားမှုတွေအရ သိရပါတယ်။

အခုရက်ပိုင်းအတွင်း စက်သုံးဆီရရှိဖို့ ရောင်းသမျှ ဆီဆိုင်တိုင်းမှာ တန်းစီစောင့်ဆိုင်းနေတဲ့ ကားတန်းရှည်ကြီးတွေကိုတော့ ရန်ကုန်မြို့ရဲ့စက်သုံးဆီအရောင်းဆိုင်အားလုံးနီးပါးမှာ မြင်တွေ့နေရပါတယ်။

စက်သုံးဆီ ဝယ်ယူရခက်ခဲတာ ၊ မှောင်ခိုစျေးကွက်မှာ အဆမတန် စျေးကြီးနေတာကြောင့် အငှားကားမောင်းသူ တချို့ ရပ်နားထားရတယ်လို့ သိရပါတယ်။

” ဆီရဖို့တန်းစီရတာ အလုပ်တစ်ခု ဖြစ်နေတယ်၊ တန်းစီနေရတော့ ကားဆွဲချိန် မရှိတော့ဘူး ၊ နားထားတာ ၂ ရက်ရှိပြီ ၊ ရှိသမျှဆီဆိုင်တိုင်းလည်း တန်းစီနေတာ အပြည့်ဖြစ်နေတော့ ရပ်လိုက်တော့တာ “လို့ ကြည့်မြင့်တိုင် ညစျေး က အငှားယာဥ်မောင်း ဦးထွန်းမြင့် က ပြောပါတယ်။

စက်သုံးဆီ ရရှိဖို့ ကားတွေ တန်းစီတဲ့အခါ ညအိပ်စောင့်ဆိုင်းပြီး တန်းစီနေတာ တွေ ရှိသလို လုပ်ငန်း ရှင်တချို့က လူငှားနဲ့ စောင့်ဆိုင်း တန်းစီခိုင်းကြရတယ်လို့ သိရပါတယ်။

” ဝန်ထမ်း တစ်ယောက်ကို တန်းစီဖို့ သပ်သပ် ထားပြီး ဝယ်နေရတယ်၊ မနက် လေးနာရီလောက် ထပြီး တန်းစီခိုင်းရတယ်၊ ရေရှည်ဆိုရင်တော့မလွယ်ဘူး၊ ကားနှစ်စီး ကို တစီးပဲ သုံးရတော့ လမ်းကြောင်း အများကြီး လက်ခံလို့ မရဘူး “လို့ ဒလီဗာရီ လုပ်ငန်းသူ တဦး က ပြောပါတယ်။

စက်သုံးဆီဝယ်ယူဖို့ခက်ခဲတာက ရန်ကုန်မြို့ တစ်ခုတည်း တွေ့ကြုံရတာမဟုတ်ပဲ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ ရှမ်းပြည်နယ် ၊ ကရင်ပြည်နယ် အပါဝင် နေရာအနှံအပြားမှာ

မှာလည်း တွေ့ကြုံနေရတယ်လို့ သိရပါတယ်။

” လိုချင်သလောက် ရောင်းမပေးနိုင်ဘူး ၊ လာဝယ်တဲ့သူတွေကို မျှရောင်းပေးတယ်၊ တချို့ကလည်း ပြတ်သွားမှာ စိုးရိမ်ပြီး လာဝယ်ကြတော့ ဝယ်တဲ့သူကိုမျှနေရတယ် ၊ လာသမျှတော့ မျှရောင်းပေးနေပါတယ် ” လို့ မကွေးတိုင်း၊ နတ်မောက်မြို့နယ်က စက်သုံးဆီရောင်းချသူ တဦးက ပြောပါတယ်။

ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ်တွေ ဖက်မှာတော့ စက်သုံးဆီဝယ်ယူဖို့ခက်ခဲတဲ့အပြင် ဓာတ်ဆီ တစ်လီတာကို ငွေကျပ်သောင်းဂဏန်းအထိ ပေးဝယ်နေရတယ်လို့ ဒေသခံတချို့ရဲ့ ပြောပြမှုအရ သိရပါတယ်။

တစ်နိုင်ငံလုံးက စက်သုံးဆီ အရောင်းဆိုင် သုံးသောင်းကျော်မှာ

ဆီသယ်ယာဉ် ၁,၇၂၉ စီးနဲ့ 92 ဂါလန် ၉ သိန်း ၇ သောင်းကျော်၊ 95 ဂါလန် ၂ သိန်း ၅ သောင်းကျော်၊ ဒီဇယ်ဂါလန် ၆ သိန်း ၅ သောင်းကျော်၊ ပရီမီယံ ဒီဇယ်ဆီ ၈ သိန်း ၃ သောင်းကျော် ဖြန့်ဖြူးပေးပြီး

ဆီတင်သင်္ဘောတွေလည်း ရန်ကုန်ပင်လယ်၀ ရောက်ရှိနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြောဆိုထုတ်ပြန်ထားပါတယ်။

အများပြည်သူတွေအနေနဲ့ စက်သုံးဆီပြတ်လပ်မှာစိုးရိမ်ပြီး လိုအပ်တာထက်ပိုမို မဝယ်ယူကြဖို့နဲ့ စက်သုံးဆီဆိုင်တွေရဲ့ပုံမှန် ဖြည့်တင်းပေးမှုနဲ့ အေးချမ်းသက်သာစွာ ဝယ်ယူကြဖို့လည်း တိုက်တွန်းဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့မှာ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၆၅ ကျပ်နဲ့ ရောင်းချနေတယ်လို့

စက်သုံးဆီအရောင်းဆိုင်တွေ စျေးအရ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW