အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ထိုးတော့မယ်

 

ယဲ့ရီဗန်၊ ဒီဇင်ဘာ-၈-၂၀၂၃

မျိုးဆက်(VOM)

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့ဟာ နှစ်နိုင်ငံဆက်ဆံရေးပုံမှန်ပြန်ဖြစ်စေဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး နာဂေါ်နို- ခါရာဘတ် တိုက်ပွဲအတွင်း ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကိုလည်း လဲလှယ်သွားမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အိမ်နီးချင်းနှစ်နိုင်ငံအကြားအငြင်းပွားဖွယ်နယ်မြေနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်များစွာပဋိပက္ခများဖြစ်ပွားနေခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးစောင့်မျှော်ခဲ့ရတဲ့ ငြိမ်းချမ်းရေးအတွက် သမိုင်းဝင် အခွင့်အရေးတွေကို မြင်တွေ့ခဲ့ရတယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံစလုံးအနေနဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ်ကိုယခုနှစ်ကုန်မှာ လက်မှတ်ရေးထိုးဖို့ မျှော်လင့်ထားကြောင်း တာဝန်ရှိသူတွေကဆိုပါတယ်။ ဒီကိစ္စအပေါ် ကြိုဆိုကြောင်းဥရောပကောင်စီဥက္ကဌ ချားလက်စ်မီရှဲကထုတ်ပြန်ထားပြီး အာမေးနီးယား-အဇာဘိုင်ဂျန်ဆက်ဆံရေးမှာ ကြီးမားတဲ့ အောင်မြင်မူလို့ဆိုပါတယ်။

နယ်မြေစိုးမိုးရေးအပေါ် အပြန်အလှန်လေးစားမှုကိုအခြေခံပြီး အပြည့်အဝငြိမ်းချမ်းရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေး လုပ်ဆောင်သွားမယ်လို့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီသဘောတူညီချက်မှာ အီးယူ၊ ရုရှား၊ အမေရိကန်တို့ရဲ့ ကြားဝင်စေ့စပ်မှုနဲ့အတူ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်အစိုးရတို့အကြား အကြိမ်ပေါင်းများစွာတွေ့ဆုံဆွေးနွေးပြီးနောက် ရရှိခဲ့တာဖြစ်ပါတယ်။

Ref:BBC

Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW