ဒီဇင်ဘာ ၁၂၊ ၂၀၂၃
Shy V (VOM)
တရုတ်နိုင်ငံ Liaoning ပြည်နယ် နဲ့ Fujian ပြည်နယ်က Dalian, Quanzhou, Longyan, Chongchin မြို့တွေမှာရှိတဲ့ ရဲဌာနတွေက မြန်မာနိုင်ငံ မြောက်ပိုင်း ကိုးကန့်ဒေသက အဓိက ငွေလိမ်ဂိုဏ်းခေါင်းဆောင် ၁၀ ယောက်ကို အခု ဒီဇင်ဘာလမှာ တရုတ်ဘက်က ဖမ်းဝရမ်းထပ်ထုတ်ထားပါတယ်။
ဖမ်းဝရမ်း ထုတ်ခံထားရသူတွေကတော့ ဦးပယ်ဆောက်ချိန် (Bai Socheng)၊ ပယ်ရင့်ချန်(ခ)လီယွင်ချိန် (Yingcang (Li Yunchen – ဦးပယ်ဆောက်ချိန်ရဲ့ သား)၊ ပယ်ရင့်လန်(ခ)လီမုန့်န (Bai Yinglan (Limona) – ဦးပယ်ဆောက်ချိန်ရဲ့ သမီး)၊ ဦးဝိဟိုင်ရိန်(ခ)ဦးဝိစိုင်း (Wei Huairen (ဝေ့ဟွိုင်ရင်)၊ ဝိယုံ(ခ)ချိန်ယုံ (Wei Rong / ဝေ့ယွန်း (Chen Rong) – ဦးဝိစိုင်းရဲ့တူမ)၊ ဝိချင်ရှုံး(ခ)ရန်ရှုံး (Wei Qingsong (Yang Song)/ ဝေချင်းဆုန် – ဦးဝိစိုင်းရဲ့သား)၊ ဦးလျိုကျိမ့်ရှန် (Liu Zhengxiang)၊ လျှိုကျီကွမ်(ခ)လီဟွာကွမ် (Liu Jiguang /Liu Huguang – ဦးလျှိုကျိမ့်ရှန်ရဲ့သား)၊ လျိုကျင့်မောင် (Liu Zhengmao)၊ ရွှီလောက်ဖာ(ခ)ရွှီဖာချီ (Xu Laofa /Xu Faji) တို့ ဖြစ်ကြောင်း ဖြစ်ကြောင်း The Kokang သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီ ဝရမ်းပြေးတွေဟာ အွန်လိုင်းလိမ်လည်မှု ကြီးကြီးကျယ်ကျယ် လုပ်တဲ့အပြင် သူတပါးကို မတရားချုပ်နှောင်ပြီး ရက်ရက် စက်စက် နှိပ်စက်ညှင်းပန်းမှုတွေ ဆိုးဝါးစွာ ကျူးလွန်ခဲ့သူတွေဖြစ်ပြီး သူတပါးကို တမင်သက်သက် သတ်သေမှုတွေ ဖြစ်စေခဲ့ တယ်လို့ တရုတ်ဘက်က အမိန့်ထုတ်ပြန်စာမှာ ပါပါတယ်။
၁။ အွန်လိုင်း လိမ်လည်မှုမှာ အဓိက ခေါင်းဆောင် ဖြစ်တဲ့ မြန်မာနိုင်ငံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဥက္ကဌဟောင်း အသက် ၇၄ နှစ်ရှိ Bai Socheng ကို Shi Gong ရဲစခန်းက ဒီဇင်ဘာ ၁၇ ရက်နေ့က ဖမ်းဝရမ်း ထုတ်ထားပါတယ်။
၂။ တရုတ် နိုင်ငံသား၊ တရုတ်မှတ်ပုံတင်နံပါတ် 421302199211264639 ကိုင်ဆောင်သူ ဖြစ်ပြီး မြန်မာနိုင်ငံ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့စစ် အဖွဲ့ခေါင်းဆောင်၊ စီးပွားရေးစီမံအုပ်ချုပ်ရေးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူး၊ Cang Sheng Science and Technology Park ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ အသက် ၃၁ နှစ်အရွယ် Bai Yingcang (Li Yunchen)ကိုလည်း Shi Gong ရဲစခန်းက ဒီဇင်ဘာလထဲ ဖမ်း ဝရမ်းထုတ်ထားပါတယ်။
၃။ မြန်မာနိုင်ငံ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသရှိ Xin Baili အုပ်စုရဲ့ ဥက္ကဌ ဖြစ်သူ အသက် ၄၃ နှစ်ရှိ တရုတ်နိုင်ငံသား၊ တရုတ် မှတ်ပုံတင်နံပါတ် 421302198002043122 ကိုင်ဆောင်သူ Bai Yinglan (Limona) ကို Shi Gong ရဲစခန်းမှ ဒီဇင်ဘာ ၂ ရက်နေ့က ဖမ်းဝရမ်း ထုတ်ထားပါတယ်။
၄။ မြန်မာနိုင်ငံ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရှိ ၁၀၀၆ နယ်ခြားစောင့်တပ်ရဲ့ ကြီးကြပ်ရေးကော်မတီ ဥက္ကဌဖြစ်တဲ့ အသက် ၆၅ နှစ်အရွယ် Wei Huairen (ဝေ့ဟွိုင်ရင်)ကို ဝရမ်းပြေး အဖြစ် ဒီဇင်ဘာ ၁၀ ရက်နေ့က တရုတ်နိုင်ငံ ဖူကျင့်ပြည်နယ် ချွမ်ကျိုးမြို့ ရဲဌာနက ဖမ်းဝရမ်း ထုတ်ထားပါတယ်။
၅။ အသက် ၃၅ နှစ်ရှိ တရုတ်နိုင်ငံသား၊ တရုတ်မှတ်ပုံတင်နံပါတ် 533525198802080442 ကိုင်ဆောင်သူ မြန်မာနိုင်ငံ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ Henri အုပ်စုရဲ့ ဥက္ကဌ ဖြစ်သူ Wei Rong / ဝေ့ယွန်း (Chen Rong) ကို တရုတ်နိုင်ငံ Fujian ပြည်နယ် ချွမ်ကျိုးမြို့ Shi Gong ရဲစခန်းက ဝရမ်းပြေး အဖြစ် ဒီဇင်ဘာ ၁၀ ရက်နေ့က အမိန့်ထုတ်ထားပါတယ်။
၆။ မြန်မာနိုင်ငံကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ၁၀၀၆ နယ်ခြားစောင့်တပ် ကြီးကြပ်ရေးကော်မတီဝင်ဖြစ်တဲ့ အသက်၄၁ နှစ် ရှိ တရုတ်မှတ်ပုံတင်နံပါတ် 513432198211274514 ကိုင်ဆောင်သူ တရုတ်နိုင်ငံသား Wei Qingsong (Yang Song)/ ဝေချင်းဆုန် ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့က တရုတ်နိုင်ငံဖူကျင့်ပြည်နယ် ချွမ်ကျိုးမြို့ ရဲ စခန်းက ဖမ်းဝရမ်း ထုတ်ထားပါတယ်။
၇။ မြန်မာနိုင်ငံ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ စီမံအုပ်ချုပ်ရေးကော်မတီဝင်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့်စီမံအုပ်ချုပ်ရေးဌာနက ဌာနမှူး၊ ဖူလီလိုက် အုပ်စုရဲ့ ဥက္ကဌ ဖြစ်သူ အသက် ၆၀ ရှိ Liu Zhengxiang/ လျိုကျင့်ရှန် ကို ဒီဇင်ဘာလထဲ ဖမ်းဝရမ်း ထုတ်ထားပါတယ်။
၈။ လီဟွာဂွမ် လို့လူသိများတဲ့ တရုတ်နိုင်ငံသား တရုတ်မှတ်ပုံတင်နံပါတ် 53352519930605679 ကိုင်ဆောင်င်သူ၊ ၎င်း နေထိုင်ရာနေရာ တရုတ်ဘက် ယူနန်ပြည်နယ်၊ Zhenkang ကောင်တီ၊ Lincang မြို့၊ ကျန်းမာရေး ဌာနရဲ့ဒါရိုက်တာ၊ မြန်မာနိုင်ငံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဖူလီလိုက် အုပ်စုရဲ့ အမှုဆောင်ဒါရိုက်တာ အသက် ၃၀ နှစ်ရှိ လျိုကျီကွမ် (Liu Jiguang) ကို ဝရမ်းပြေး အဖြစ် တရုတ်နိုင်ငံ Fujian ပြည်နယ် လုံရမ်မြို့ ရဲဌာနက ဒီဇင်ဘာ ၁၀ ရက်နေ့က အမိန့်ထုတ်ထားပါတယ်။
၉။ မြန်မာနိုင်ငံ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရဒေသ၊ ဖူလီလိုက်အုပ်စုရဲ့ အထွေထွေမန်နေဂျာဖြစ်တဲ့ အသက် ၄၁ နှစ်ရှိ Liu Zhengmao (လျိုကျင့်မောင်) ကိုလည်း တရုတ်နိုင်ငံဖူကျင့်ပြည်နယ် လုံရမ်မြို့ ရဲစခန်းက ဒီဇင်ဘာလထဲ ဝရမ်းပြေးအဖြစ် အမိန့် ထုတ်ထားပါတယ်။
၁၀။ တရုတ်နိုင်ငံသား အသက် ၅၂ ရှိ တရုတ်မှတ်ပုံတင်နံပါတ် 533524197108160919 ကိုင်ဆောင်သူ မြန်မာနိုင်ငံ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီရှမ်းမြို့နယ် ကျာဇီရှုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ Xu Laofa (Xu Faji)/ ရွှီလောက်ဖာကို ဝရမ်းပြေးအဖြစ် တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ရဲစခန်းက ဒီဇင်ဘာ ၁၀ ရက်နေ့က ဖမ်းဝရမ်း ထုတ်ထားပါတယ်။
အထက်ပါ ဖမ်းဝရမ်းထုတ်ခံထားရသူတွေကို ဖမ်းဆီးရမိနိုင်ရန်သတင်းပေးနိုင်သူ တွေကို တရုတ် ယွမ်ငွေ တစ်သိန်း မှ ငါးသိန်းအထိ ဆုကြေးငွေ ချီးမြှင့်မှာ ဖြစ်ကြောင်း အဲဒီ အမိန့် ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
Photo Crd# Original Uploader